Surf's Up FHD

Surf's Up

Comedy Family Animation FHD 2007-06-08 6.422 85 Min

ငယ်ငယ်က အခွေခေတ်မှာ ကြည့်ခဲ့ရတဲ့ ရေလွှာလျောစီးပင်ဂွင်းကာတွန်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ကိုဒီ မက်ဗရစ်ကတော့ အန္တာတိကတိုက်မှာနေပြီး ကွယ်လွန်သွားရှာပြီဖြစ်တဲ့ဘစ်ဇီဆိုတဲ့ ဂန္တဝင် ရေလွှာလျောစီးသမားကိုအားကျလေးစားတဲ့ ပင်ဂွင်းလေးပါ။ပင်ဂွင်းတွေရဲ့လုပ်ရမဲ့ အလုပ်ကို စိတ်မဝင်စားပဲ ရေလွှာလျောစီးတာကိုအရူးအမူးဖြစ်နေတာကြောင့် ကိုဒီ ကိုမတည့်အတူနေသူ့အကို ဂလန်က အမြဲအနိုင်ကျင့်နေကျပါပဲ။တစ်နေ့မှာတော့ ကိုဒီနေတဲ့ အန္တာတိကကို ဘစ်ဇီအမှတ်တရရေလွှာလျောစီးပြိုင်ပွဲအတွက် ကမ္ဘာအနှံ့ပတ်ပြီး ပါရမီရှင်တွေကိုရှာဖွေယူတဲ့ ဝေလငါးကြီးရောက်ရှိလာခဲ့ပါတယ်။ကိုဒီလည်း သူ့အစွမ်းပြချင်ပေမဲ့ လှိုင်းမရှိတာကြောင့် အစွမ်းပြခွင့်မရလိုက်ပဲဝေလငါးက ဆက်ထွက်သွားပါတော့တယ်။ကိုဒီလည်း သူ့အိပ်မက်ကို လက်လွှတ်မခံနိုင်တာမလို့ဝေလငါးနောက်အမှီလိုက်ရင်း ချစ်ကင်း ဂျိုးဆိုတဲ့ရေလွှာလျောစီးသမားက ကူပေးလို့ ပြိုင်ပွဲမှာ ဝင်ခွင့်ရသွားခဲ့ပါပြီ။ဒီလိုနဲ့ ကိုဒီတစ်ယောက်က သူ့လေးစားအားကျရတဲ့ ဘစ်ဇီလိုရေလွှာလျောစီးသမားဖြစ်လာမလား ၊ ချစ်ကင်း ဂျိုးနဲ့ ကိုဒီတို့ကြားကမိတ်ဆွေကောင်းဆက်ဆံရေးနဲ့ ဘယ်လိုအခက်အခဲတွေကိုကျော်ဖြတ်ကြရမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။Rating တွေကောင်းတဲ့အပြင်ကိုမှ ငယ်ဘဝအမှတ်တရတွေနဲ့ပြည့်နေတဲ့ ကာတွန်းကားလေးဖြစ်တာမလို့ စိတ်အပန်းဖြေရင်ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ။