Sins of the Preacher’s Wife ဆိုတဲ့ဇာတ်ကားလေးကတော့ မိသားစုတစ်ခုမြို့ငယ်လေးတစ်မြို့ကိုပြောင်းရွေ့လာတာနဲ့အစပြုပါတယ်။မိသားစုထဲမှာ ကလေးငယ်လေးတစ်ယောက်လဲပါလာခဲ့ပါတယ် ကလေးငယ်လေးပါတဲ့မိသားစုကို မြို့ခံဘုရားကျောင်းက ဘုန်းတော်ကြီးနဲ့သူရဲ့ဇနီးဖြစ်သူတို့က လှိုက်လှိုက်လှဲလှဲကြိုဆိုရင်း မိတ်ဆွေဖွဲ့ခဲ့ကြပါတယ်။ဒါပေမယ့် ဘုန်းတော်ကြီးရဲ့ဇနီးဖြစ်သူဟာ အဲ့ဒီကလေးငယ်လေးကိုအရမ်းစွဲလမ်းလွန်းလာပြီး မိသားစုဆီကနေ ခိုးယူဖို့ကြိုးစားလာပါတော့တယ်။