E-Sarn Zombie HD

E-Sarn Zombie

Action Comedy Horror HD 2023-12-28 3.667 101 Min

ပိတ်ရက်လေးမှာ အဝchillချင်သူတွေအတွက် ထိုင်းဇွန်ဘီးကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။castတွေအနေနဲ့ကတော့ ဟိုတလောကခေတ်ထသွားတဲ့ ဂေါပက‌တွေ လက်တစ်လုံးခြားရိုက်စားလုပ်တဲ့ကားThe Believer ထဲကမင်းသားနဲ့ Bad Genius ကားထဲက မင်းသမီးချောလေးက ပါဝင်အားဖြည့်ထားပါတယ်။နန်အီဒန်ရွာလေးမှာဖွင့်ထားတဲ့ ဂွဒ်စတိုးဆိုင်က တခြား‌ဆိုင်ခွဲတွေနဲ့မတူဘဲရောင်းအားကလည်းထိုးကျပြီးbad review တွေဝေနေလို့ ရုံးချုပ်က အစ်တီချိုင်ကို မန်နေဂျာသစ်အနေနဲ့ စည်းကမ်းကြပ်ဖို့ လွှတ်လိုက်ပါတယ်။အဲဒီမှာပဲ စည်းကမ်းကိုတဖွဖွပြောနေတဲ့အစ်တီချိုင်နဲ့ ပေကပ်ကပ်ဂျစ်ကန်ကန် နွန်တွန်တို့ တွေးကြတော့တာပါပဲ။ဒီလိုနဲ့တစ်နေ့မှာ နွန်တစ်ယောက် ဆိုင်ကရက်လွန်အသားတွေ ခိုးခိုးသွားတာကိုအစ်တီချိုင် သိလိုက်ရပြီး နွန်ရဲ့နောက်ကို တိတ်တိတ်လေး လိုက်သွားချိန်မှာတော့…စီရီပွန်ဂီတပွဲကို အသေရရအရှင်ရရနှစ်သက်ကြတဲ့ နန်အီဒန်ရွာသား အီဆန်သားတွေရီပွန်ဂီတပွဲနေ့မှာပဲ ဘယ်လိုတွေကမောက်ကမဖြစ်ကြမလဲ‌ဆိုတာကို အခွီလေးတစ်ဖြတ်နဲ့ ရှုစားလိုက်ရအောင်ပါ။