ဒီဇာတ်ကားလေးကတော့ ၁၉၇၀ လောက်မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဘရာဇီးနိုင်ငံဟာ စပိန်လက်အောက်ခံဖြစ်နေစဉ်ကာလမှာ တောထဲက မျိုးနွယ်စုတစ်စုစီကိုခရစ်ယာန်သာသနာပြန့်ပွားရေး သွားရောက်လုပ်ဆောင်ခဲ့တဲ့ ဖာသာဂေဘရီရယ်အကြောင်းဆိုလည်း မမှားပါဘူး။ဖာသာက အသစ်အဆန်းဆို ငြင်းတတ်၊ ကြောက်တတ်ကြတဲ့ မျိုးနွယ်စုလေးဆီကို ဂီတနဲ့အတူသာသနာကိုစိမ့်ဝင်အောင်လုပ်ခဲ့ပြီး ကြေးစားလူသတ်သမားကိုပါ ဘုန်းတော်ကြီးတစ်ပါးဖြစ်လာအောင်တော်တဲ့သူလည်းဖြစ်ပါတယ်။ဖာသာ့ရဲ့ဦးဆောင်မှုနဲ့ ဒီတောတွင်းမျိုးနွယ်စုဟာ တောထဲကလိုက်ထွက်လာခဲ့အပြီးမှာတော့ထင်မှတ်မထားတာတွေဖြစ်လာပါတော့တယ်။ အဲဒါကတော့ စပိန်နိုင်ငံဟာ ဘရာဇီးကို ပေါ်တူကီနိုင်ငံဆီရောငိးစားလိုက်တဲ့အခါမှာတော့ ဒီမျိုးနွယ်စုကို ပြန်ကာကွယ်ပေးဖို့တွေဖြစ်လာပါတော့တယ်။