Shangtong Village: Story of a Strange Snake HD

Shangtong Village: Story of a Strange Snake

Drama Fantasy Adventure HD 2024-06-05 8.3 69 Min

ဒီဇာတ်ကားလေးကတော့ နာမည်အတိုင်း ရှန့်ထုံရွာမှာစပါးအုံမြွေကြီးတစ်ကောင်ပေါ်လာပြီးတော့ တစ်ရွာလုံးရုတ်ရုတ်သဲသဲဖြစ်သွားရတဲ့အကြောင်းကို ဇာတ်ကြောင်းပြောသလိုပုံစံလေးနဲ့ရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနနဲ့ရှန့်ထုံရွာမှာ တစ်နှစ်တစ်ခါ လူပျိုအပျိုကလေးကိုမီးလောင်တိုက်သွင်းပြီးတော့ မြစ်စောင့်နတ်ကိုပူဇော်ရတဲ့ဓလေ့ရှိပြီးတော့နတ်ဆရာက ဉာဏ်ပူဇော်ခတွေလည်းအဆမတန်တောင်းပါတယ် ။ဒီလိုနဲ့တစ်နေ့မှာတော့ ပုံမှန်အတိုင်းယစ်ပူဇော်ပွဲလုပ်နေကျနေရာကိုယွိလင်လုံဆိုတဲ့ကောင်လေးရောက်လာပြီး ယစ်ပူဇော်မှုကိုတားမြစ်ပြီးမီးလောင်တိုက်အသွင်းခံရတော့မဲ့ကလေးကိုကာကွယ်ပေးခဲ့ပါတယ် ။ဖြစ်ချင်တော့ ယန်ဓာတ်လွန်ကဲနေတဲ့ခန္တာကိုယ်ပိုင်ရှင်သူ့ကိုအားလုံးကနမိတ်မကောင်းဘူးဆိုပြီးနှင်ထုတ်ကြပါတယ် ။အဲဒီအချိန်မြွေကြီးတစ်ကောင်ပေါ်လာပြီးရွာသားတွေကိုတိုက်ခိုက်ကြတော့ အားလုံးလည်းမြွေဆိပ်ပန်းနဲ့မြွေတွင်းဒဏ္ဍာရီကိုပိုပြီးယုံသွားပါတော့တယ် ။တစ်ရွာလုံးက နမိတ်မကောင်းဘူးဆိုပြီးဖယ်ကျဉ်ထားတဲ့ယွိလင်လုံတစ်‌ယောက် နျဲ့ဝမ်းအာဆိုတဲ့မိန်းကလေးကိုကယ်လိုက်ပြီးနောက်မှာတော့ ပထမဆုံးအကြိမ်မိတ်ဆွေတစ်ယောက်ကိုရခဲ့ပြီးမြွေကြီးတွေကိုရှင်းလင်းဖို့ဘယ်လိုလုပ်ကိုင်သွားမလဲ ?ဂျပန်တွေလက်ထဲကနေ မြွေဆိပ်ပန်းကိုဘယ်လိုကာကွယ်သွားမလဲဆိုတာတာကိုဇာတ်ကားလေးထဲမှာ စိတ်ဝင်စားစွာ ကြည့်ရှုလိုက်ပါဦး