မွမ်ဘိုင်းမြို့ပေါ်မှာ အာဏာရှိတဲ့လူတစ်ယောက်ရှိတယ် အာဏာကဘယ်လောက်ထိရှိလဲဆိုအဲဒီလူကသေခါနီးဖြစ်လို့ အိပ်ရာထဲလဲနေတာတောင် သူ့နေရာကိုမလုရဲကြဘူးတဲ့လေအကြောင်းကတော့ လူကသာမထနိုင်ပေမဲ့ မွန်ဘိုင်းတစ်မြို့လုံးကိုမြေလှန်ဖျက်ဆီးပစ်နိုင်လို့ပါပဲသူကွယ်လွန်ပြီးရင်သူ့နေရာကိုဆက်ခံဖို့တွေးထားကြတာကတော့ သူ့ရဲ့သားဖြစ်တဲ့ကာဒါပါအဖေလိုတစ်မျိုးအမေလိုတစ်ဖုံနဲ့ကာဒါ့ကိုအလိုလိုက်ပြီးတော့ပျိုးထောင်ခဲ့သူတစ်ယောက်ပါဒါပေမဲ့လည်းဂိုဏ်းတွေကြားထဲမကျေနပ်သဘောထားကွဲလွဲမှုတွေရှိတော့ကာဒါ့ကိုတချို့ကခေါင်းဆောင်မတင်ချင်ကြဘူးပေါ့နာဝဘ်သေတာနဲ့ကာဒါ့ကိုပါသတ်ပြီးတော့ တခြားလူကိုနေရာချထားဖို့စီစဉ်နေကြသူတွေနဲ့ကာဒါ့ကိုပဲ နန်းတင်ချင်တဲ့လူတွေကြားက ဖြစ်ရပ်မှန်ကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်