Batman Unlimited: Animal Instincts ဟာ Batman Unlimited Series ရဲ့ပထမဦးဆုံးဇာတ်လမ်းဖြစ်ပါတယ်။ အတော်လေးလည်းကြည့်ကောင်းတဲ့ဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်။ဇာတ်ညွှန်း“Midas Heart” လို့ခေါ်တဲ့ဂြိုလ်သိမ်တစ်ခု ကမ္ဘာကြီးကိုနောက် ၃ ရက်နေရင်ဖြတ်သွားပါတော့မယ်။အဆိုပါဂြိုလ်သိမ်ရဲ့ ထူးခြားချက်ကတော့ အလယ်မှာရွှေတွေပါလာတာဖြစ်ပါတယ်။တချိန်တည်းမှာပဲ ဂေါ့သမ်မြို့မှာ ဓားပြမှုတွေဖြစ်နေပါတယ်။ ဓားပြမှုတွေဖြစ်လာတာကြောင့်ဘတ်မန်းတို့အုပ်စုကလိုက်ရှင်းနေရပါတယ်။ ထူးဆန်းတာက ဓားပြတိုက်တဲ့လူတွေအအကုန်လုံးကKiller Croc, Cheetah, Silverback တို့ဖြစ်ပြီး အကုန်လုံးက တိရိစ္ဆာန်တွေနဲ့ဆက်နွယ်နေတဲ့ဗီလိန်တွေဖြစ်ပါတယ်။ အားလုံးရဲ့နောက်ကွယ်မှာတော့ ပင်ဂွင်းရှိနေပါတယ်။သူတို့ကို Batman, Green Arrow, Robin, Nightwing, Flash တို့ကဘယ်လိုများတားဆီးမှာလဲ ။ပင်ဂွင်းရဲ့အကြံအစည်ကဘာများလဲ။