တွင်းထွက်လောင်စာဆီတွေ မပေါ်သေးတဲ့ ၁၉ ရာစုအစောပိုင်း နန်တူကတ်မြို့ကိုအခြေခံထားပြီးတော့ ဒီကာလမှာ လောင်စာဆီအနေနဲ့ ဝေလငါးအဆီကို အသုံးပြုကြပါတယ်။အဲဒီအချိန်မှာ အက်ဆက်ဝေလငါးဖမ်းသင်္ဘောကြီးနဲ့အတူ ဝေလငါးဖမ်းဖို့သင်္ဘောသားတစ်စုထွက်လာကြပါတယ်။ဒီသင်္ဘောကြီးကို ကပ္ပတိန် ဂျော့ ပေါလတ်နဲ့အတူ အိုဝင်ချေ့စ်ဆိုတဲ့ လက်ထောက်ကပ္ပတိန်တို့ကဦးစီးပြီးတော့ ရွက်လွှင့်လာခဲ့ကြပါတယ်။ ဂျော့ပေါလတ်ဆိုတာကတော့ ဝေလငါးလောင်စာဆီ ကုမ္ပဏီကသူဌေးသားဖြစ်ပြီးတော့ အိုဝင်ချေ့စ်ဆိုတာကတော့ နန်တူကတ်မြို့ရဲ့ ငယ်မွေးခြံပေါက် ဝေလငါးဖမ်းသမားပေါ့။အဲဒီလိုနဲ့ ပေါလတ်နဲ့ဂျော့တို့က မာနချင်းပြိုင်ပြီးတော့ ခရီးဆက်လာကြပါတယ်။ဒီလိုနဲ့ ပထမဆုံးသူတို့ရဲ့ ဝေလငါးတစ်ကောင်ကို အောင်အောင်အောင်မြင်မြင် ဖမ်းနိုင်ခဲ့ပြီးတဲ့နောက်မှာနောက်ထပ်ဝေလငါးတွေ ထပ်မတွေ့တော့ဘဲ တော်တော်ကြာကြာရွက်လွှင့်ခဲ့ကြရပါတယ်။ကျွန်းတစ်ကျွန်းကိုရောက်တော့ ရိက္ခာထပ်ဖြည့်ရင်း သင်္ဘောသားတစ်ယောက်ဆီကနေပြီးတော့ဝေလငါးကြီးတစ်ကောင်ရဲ့ သတင်းကို ကြားပြီးတော့ ဒီဝေလငါးကြီးနောက်ကိုလိုက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြပါတော့တယ်။ရက်တော်တော်ကြာအောင် ရွက်လွှင့်လာပြီးတဲ့နောက်မှာ ဒီဝေလငါးကြီးနဲ့တွေ့ပါပြီ။အိုဝင်ချေ့စ်တို့ သင်္ဘောသားအုပ်စုနဲ့ ဝေလငါးကြီးတို့ အားပြိုင်ကြရင်းနဲ့ငါးဖမ်းလှေကြီးပါ နစ်မြုပ်သွားခဲ့ပါတယ်။အဲဒီနောက်မှာ အီုဝင်ချေ့စ်တို့ သင်္ဘောသားတွေအကုန်လုံးလှေငယ်လေးတွေနဲ့ ပင်လယ်ပြင်မှာအိမ်အပြန်လမ်းကို ရှာကြရပါတော့တယ်။ အစာရေစာမလုံလောက်ဘဲနဲ့ ခက်ခက်ခဲခဲ ပင်လယ်ထဲမှာဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲ နန်တူကတ်မြို့ကို ဘယ်သူတွေပြန်ရောက်လာမလဲဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဒီအဖြစ်အပျက်အစအဆုံးကို ကြုံတွေ့ခဲ့ရတဲ့ နစ်ကာဆင်ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ ရှုထောင့်ကနေ တင်ဆက်ပြသထားပါတယ်။