BloodBath Sniper HD

BloodBath Sniper

Action War HD 2024-06-29 8.3 0 Min

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်ဂျပန်ခေတ်ကတော်လှန်ရေးရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။င်ကော်ခေတ်က ဂျပန်တော်လှန်ရေးကာလကို နောက်ခံတည်ထားပြီးဟိုင်ချန်မြို့မှာ မြေအောက်တော်လှန်ရေးအဖွဲ့တွေကဂျပန်တွေကို နေရာတကာမှာ ခြောက်လှန့်နေခဲ့ပါတယ်။ဆရာဖြစ်သူ ကျန်းတာ့ဟိုင်က သစ္စာဖောက်ပြီး ဂျပန်တွေဆီကိုပါတီဝင်တွေရဲ့ အချက်အလက်တွေကို ရောင်းစားနေတယ်လို့သတင်းကြားခဲ့ရတဲ့ အန်းဟယ်အတွက် မယုံနိုင်စရာပဲ ဖြစ်နေပါတယ်။အဲဒီကိစ္စကို တစ်ယောက်တည်း စုံစမ်းဖို့ ထွက်သွားချိန်မှာပဲသူတို့လျှို့ဝှက်စခန်းကို ဂျပန်တွေက အင်အားနဲ့ လာသိမ်းတဲ့အတွက်အန်းဟယ်ကို ဂျပန်ဘက်ပါသွားပြီလို့ ကျီချိုးတစ်ယောက်သံသယဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အဖွဲ့ထဲကသူလျှိုကတော့ တခြားတစ်ယောက် ဖြစ်နေပါတယ်။အဌမလမ်းကြောင်းတပ်မတော်က ဟိုင်ချန်မြို့ကိုလာရောက်သိမ်းပိုက်ဖို့အတွက် ဟိုင်ချန်မြို့ကာကွယ်ရေးမြေပုံကို အရေးတကြီးလိုအပ်နေတဲ့အခါ……မြေပုံကို ရယူနိုင်ဖို့ တော်လှန်ရေးရဲဘော်တွေက ဘယ်လို ကြိုးစားကြမလဲ……ကွန်မြူနစ်ပါတီထဲက ဂျပန်သူလျှိုက ဘယ်သူဖြစ်မလဲ……အန်းဟယ်ရဲ့ ဆရာကျန်းတာ့ဟိုင်ကရော တကယ် သစ္စာဖောက်သူလား……ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။