Let Me Eat Your Pancreas FHD

Let Me Eat Your Pancreas

Drama Romance Animation FHD 2017-07-28 6.837 115 Min

အတန်းထဲမှာ တစ်ယောက်တည်း သီးသန့်နေတတ်တဲ့ ရှင်းဂဟာရုကိတစ်ယောက် ဆေးရုံမှာ အူအတက်ခွဲရင်းအတန်းထဲမှာ နာမည်အကြီးဆုံးဖြစ်တဲ့ ရာမာအူချီဆာကူရာရဲ့ ဒိုင်ယာရီစာအုပ်ကို မတော်တဆဖတ်မိပြီးဆာကူရာ့ရဲ့ လျှို့ဝှက်ချက်သိသွားပါတယ်။ ဆာကူရာက ရှင်းဂတစ်ယောက် သူ့လျှို့ဝှက်ချက်ကိုအသုံးချပြီးအာရုံအစိုက်ခံရအောင်လုပ်မယ်လို့ ထင်ထားခဲ့ပေမယ့် တကယ်တမ်း ရှင်းဂကဘာမှမလုပ်လို့ စိတ်ဝင်စားပြီးရင်းရင်းနှီးနှီးနေဖို့လုပ်လာပါတယ်။တကယ်တော့ ဆာကူရာက ပန်ကရိယရောဂါနဲ့ တစ်နှစ်အတွင်း သေရတော့မယ့်လူပါ၊ အဲဒါကို မိဘကလွဲပြီးဘယ်သူမှမသိပေမယ့် ရှင်းဂသိသွားပြီး အဲဒါကိုအသုံးမချတဲ့အတွက် သူ့ရဲ့လက်ကျန်အချိန်တွေကိုရှင်းဂနဲ့အတူ ပျော်ပျော်ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တစ်နှစ်အတွင်း ဘာတွေကြုံရမလဲရှင်းဂတစ်ယောက်ကရော ပြောင်းလဲလာမလား…Let Me Eat Your Pancreas ဇာတ်လမ်းကို 2014 ခုနှစ်မှာ manga အနေနဲ့ထွက်ရှိခဲ့ပြီး2017 ခုနှစ်မှာ live-action ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားကို 2018 ခုနှစ်မှာ animeအဖြစ်ထပ်မံအသက်သွင်းခဲ့ပါတယ်။ မင်းသား Takumi Kitamura မင်းသမီး Minami Hamabe တို့သရုပ်ဆောင်ထားပြီး လူကြိုက်များခဲ့တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်