Tucker and Dale vs. Evil FHD

Tucker and Dale vs. Evil

Comedy Horror FHD 2010-01-22 7.367 89 Min

သရဲကားတွေ နဲ့ ဟာသကားတွေဟာ လူတွေကြားမှာ ရေပန်းစားပြီး လူတွေပိုကြိုက်တက်ကြပါတယ်။အဲ့လို ကြိုက်တက် ကြတဲ့ အတွက် လည်း အချင်းချင်းစနောက် ပြီး ချောက်တက်လှန့်တက် ကြပါတယ်။ အဲ့လို ချောက်လှန့် ရာကနေ မတော်တဆဖြစ်ရပ်တွေ ဖြစ်ဖူးတာတွေ ရှိသလို ရယ်စရာ အဖြစ်အပျက်တွေလည်း ကြုံရတာတွေ ရှိပါတယ်။အခုကားလေးထဲမှာတော့ ကောလိပ်ကျောင်းသားလေးတစ်သိုက် အားလပ်ရပ် အပန်းဖြေ ခရီးထွက်ရာမှာ မတော်တဆမှု့တွေနဲ့ ကြုံရတာကို ဟာသဆန်ဆန် နဲ့ရိုက်ကူးပြထားပါတယ်။IMDB Rating 7.6 နဲ့ Rotten Tomato 86% အထိရရှိထားတဲ့ Horror Comedy ကားလေးပါ။အနည်းငယ် မိတ်ဆက်ပေးရရင်တော့ အယ်လီဆန် တို့ ကျောင်းသားတစ်သိုက်က တောအုပ် ထဲမှာအပန်းဖြေဖို့ ခရီးထွက်လာကျပါတယ်။အဓိက ဇာတ်ဆောင် နှစ်ယောက်ဖြစ်တဲ့ တက်ကာ နဲ့ဒေးလ် တို့ကလည်း ငါးမြှားရင်း အနားယူဖို့ တိုက်တိုက်ဆိုင်ဆိုင် ကျောင်းသားတွေနားကအိမ်ကိုပဲ ခရီးထွက်လာခဲ့ပါတယ်။ဒါပေမဲ့ လက်လုပ်လက်စား တက်ကာ နဲ့ ဒေးလ် တို့ရဲ့မတောက်ပြောင်တဲ့ဖိုသီဖပ်သီ အ၀တ်အစား နဲ့ အတီးအတ အမူအယာတွေကြောင့် ကျောင်းသားတစ်သိုက်က သူတို့က လူဆိုးတွေလို့ ထင်နေကြပါတယ်။ ဒီလို နဲ့ ကျောင်းသားလေးတွေ စခန်းချမဲ့နေရာကို အရောက်မှာ ကျောင်းသားတစ်ယောက်က သူတို့ စခန်းချတဲ့ နေရာမှာ လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်ကဖြစ်ပျက်ခဲ့တဲ့ လူသတ်မှု့တွေ အကြောင်းကို ပြောပြတာပေါ့။ဒီလိုနဲ့ စနောက်ရင်းနဲ့ ရေကူးကြတဲ့ အချိန်မှာပဲအယ်လီဆန် တစ်ယောက် ကျောက်တုံးပေါ်က ချော်ကျပြီး ဒဏ်ရာ ရ သွားပါတော့တယ်။ဒါကို မြင်တဲ့တက်ကာ နဲ့ ဒေးလ်က သဘောရိုးနဲ့ ကူညီဖို့ လှေပေါ်ခေါ်တင်သွားတာကို ကျောင်းသားတစ်သိုက်ကဖမ်းခေါ်သွားတယ်လို့မြင်ပြီး အယ်လီဆန်ကို ပြန်ရဖို့ ကြိုးစားပါတယ်။ ဒီလို ကြိုးစားရင်းနဲ့ပဲ ကျောင်းသားတွေကမတော်တဆ ဖြစ်ပြီး တစ်ယောက်ပြီး တစ်ယောက် သေဆုံး ကျပြန်ပါတယ်။ ဒါပေမဲ့ အဲ့သေဆုံးမှု့တွေကလည်းတက်ကာ၊ ဒေးလ် တို့ နဲ့ သွားသွား ဆက်စပ် နေတဲ့အခါမှာတော့ ……ဒီလို အရှုပ်ထုပ် ဇာတ်လမ်းတွေကနေ လူရိုး နှစ်ယောက် ဖြစ်တဲ့ တက်ကာ နဲ့ ဒေးလ် တို့ ဘယ်လိုရုန်းထွက်ဖြေရှင်း မလဲ ကျောင်းသားတွေကကော တက်ကာ နဲ့ ဒေးလ် တို့ကို အထင်လွဲနေတာ ပျောက်သွားမလားသဘောရိုးနဲ့ ကူညီပေမယ့် ဘယ်လို တစ်လွဲတွေ ဖြစ်မလဲဆိုတာတွေကို ဟာသ ဆန်ဆန် ကြောက်စရာ ဇာတ်ကွတ် လေးတွေနဲ့ ကြည့်ရှု့ ရမှာ ဖြစ်ပါတယ်။