Rambo :First Blood FHD

Rambo :First Blood

Action Thriller Adventure War FHD 1982-10-22 7.493 93 Min

Rambo ဆိုတာနဲ့ ခေါင်းမှာ အဝတ်စည်းပြီးM60 ကြီးကိုင်ထားတဲ့ Stallone ပုံကိုပြေးမြင်ကြမှာသေချာပါတယ်။အဲဒါကြောင့်ဒီကားနဲ့အထူးမိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်။IMDB Rating 7.7 ရရှိထားတဲ့ဇာတ်ကားလေးပါ။အက်ရှင်ကားပရိတ်သတ်တွေအတွက် အတော်အကြိုက်တွေ့ကြမှာသေချာပါတယ်။ကြည့်ပြီးသူတွေများမယ်ဆိုပေမယ့် မကြည့်ရသေးတဲ့သူတွေအတွက်ဇာတ်လမ်းအကျဉ်းလေးပြောပါဦးမယ်။ဗီယက်နမ်စစ်ပြန်တစ်ယောက်ဖြစ်တဲ့ John.J. Ramboဟာအိမ်ခြေရာမဲ့လျှောက်သွားနေသူတစ်ယောက်ဖြစ်နေပြီးသူ့ရဲ့တစ်ဦးတည်းသောစစ်ပြန်သူငယ်ချင်းဆီ သွားတဲ့အခါသေဆုံးသွားကြောင်းကိုကြားလိုက်ရပါတယ်။လေလွင့်နေရင်း နယ်မြို့လေးတစ်မြို့ကိုရောက်သွားပြီးအဲဒီမြို့က ဒေသခံရဲမှုး နဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ အာဏာအလွဲသုံးစားလုပ်ပြီးမရှိတဲ့အမှုကိုရှာကြံပြီး တရားစွဲဖို့ကြိုးစားနေပြီး အနိုင့်အထက်လုပ်တာကိုခံရတဲ့အခါရဲစခန်းက ထွက်ပြေးခဲ့ပါတယ်။သူ့အသက်ကိုသတ်ဖို့ကြိုးစားလာတဲ့အထိဖြစ်လာတာကြောင့်ပြန်လည်တုံ့ပြန်ခဲ့ပုံကိုတော့ ဇာတ်ကားမှာကြည့်ပါဗျာ။