G for Gap HD

G for Gap

Comedy Drama Family HD 2024-05-25 6.6 103 Min

“လောကကြီးက ငါ့အပေါ်မကောင်းဘူး”“ငါဟာလူရာမဝင်တဲ့သူ”ငါ့ကို အားလုံးက အပြစ်မြင်နေကြတယ်”“ငါဘာကြောင့် အသက်ရှင်နေရတာလဲ”ဒီလိုမေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်ဆိုရင်Gold or Shit (2024) ကိုကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်..တရုတ်အနုပညာလောကရဲ့ နတ်ဘုရားလို့ဆိုနိုင်တဲ့ မင်းသား ဟူကယ်..မင်းသမီး ထန်ယွမ်ယွမ်တို့ အဓိကပါဝင်ရိုက်ကူးထားတာကြောင့်သရုပ်ဆောင်ပိုင်းရော ရုပ်ရည်ပိုင်းလည်း စိတ်ပူစရာမလိုပါဘူးဇာတ်လမ်းအကျဉ်းလေးကိုပြောပြရမယ်ဆိုရင်..ငယ်ငယ်တည်းက သူများနဲ့မတူ တစ်မူထူးခြားပြီးထက်မြက်တဲ့ ဝူဒီဆိုတဲ့ အမျိုးသားတစ်ယောက်…လတန်း အလယ်တန်း အထက်တန်း တစ်လျှောက် ဆုတွေရပြီး ထူးချွန်ခဲ့တာကြောင့်အိပ်မက်တွေအကောင်အထည်ဖော်ဖို့ မြို့ကြီးကိုတစ်ယောက်တည်း ထွက်ပြီး ကြိုးစားခဲ့ပေမယ့်…အသက် ၃၅ နှစ်ကျော်သွားချိန်မှာတော့သူ့မွေးရပ်ဇာတိကို အရှုံးတွေပိုက်ပြီး ပြန်လာခဲ့တယ်…ဘယ်အလုပ်အတွေ့အကြုံမှ မရှိခဲ့တဲ့ သူ့အနေနဲ့ အတော်လေး အခက်တွေ့ခဲ့ရသလို…ဒီအချိန်မှာ လုပ်ငန်းအသီးသီးမှာ အဆင်ပြေနေတဲ့ကျောင်းနေဖက်တွေကိုပါတွေ့တော့ ဝူဒီတစ်ယောက်ဘယ်လိုတွေဆက်ဖြစ်မလဲ…အရှုံးသမားကံကြမ္မာက လွတ်မြောက်နိုင်မလား…ကျောင်းနေဖက်တွေရဲ့ အကူအညီနဲ့ သူဘဝတစ်ကွေ့ချိုး ပြောင်းလဲသွားမှာလား…တစ်သျှူးလေးဆောင်ပြီး ဇာတ်ကားလေးကို ကြည့်လိုက်ကြပါတော့