အေးချမ်းတဲ့ ရွာငယ်လေးတစ်ရွာမှာ ခြင်းတောင်းတွေကိုယ်တိုင်ယက်ပြီးရောင်းတဲ့သားအဖနှစ်ယောက်ရှိပါတယ်။ အဖေဖြစ်သူကမျက်စိမမြင်ရတော့ခြင်းတွေသေချာယက်ပြီးအေးအေးဆေးဆေးစီးပွားရှာနေပေမယ့်သားဖြစ်သူက သူ့ကိုယ်သူ တစ်ရက်ကြ စွမ်းအားရှင်ကယ်တင်ရှင်ကြီးဖြစ်ရမယ်ဆိုတဲ့အိမ်မက်ရှိနေပါတယ်သူ့အဖေကတော့ သားဖြစ်သူဒုက္ခမရောက်အောင်လို့အမြဲတမ်းသစ်ပင်ကြီးတစ်ပင်ဆီမှာ ဆုတောင်းပေးရင်း သားဖြစ်သူပေါက်ကရတွေမလုပ်ဖို့တားနေရပါတယ်အဲ့ဒီ့လူစွမ်း ကောင်းဖြစ်ချင်တဲ့အိမ်မက်ကလည်းအလကားရှိနေတာတော့မဟုတ်ပါဘူး သူ့ခန္ဓာကိုယ်ထဲမှာကိုယ်ဖျောက်နိုင်တဲ့စွမ်းအင်တစ်မျိုးရှိနေတာကြောင့်ဒီစွမ်းအားကနေတဆင့် သူ့ကိုယ်သူလူစွမ်းကောင်းလုပ်နိုင်မယ်လို့ယုံကြည်နေရင်းပေါ်လာတဲ့ အိမ်မက်ပါဒါပေမယ့် ကိုယ်ယောင်ဖျောက်တာတောင် တစ်ခါတစ်လေရလိုက်တစ်ခါတစ်လေမရလိုက်ဖြစ်နေတဲ့အခြေအနေမှာ သူဘယ်လိုလူစွမ်းကောင်းလုပ်မလဲအဲ့စွမ်းအင်ကရော လူသားဖြစ်တဲ့သူ့ဆီဘယ်လိုရောက်နေတာလဲဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်းအဖြေရှာကြည့်လိုက်ကြရအောင်