Child Novelတွေ ရေးသားထုတ်ဝေတဲ့ Roald Dahlဆိုတာ ဘယ်သူမှန်းမရင်းနှီးရင်တောင် Charlie and the Chocolate Factory, The BFGတို့ကိုတော့ လူတိုင်းသိမှာပါ။ ၂၀ရာစုရဲ့ အကြီးကျယ်ဆုံး ကလေးစာပေဖန်တီးသူအဖြစ် လူသိများတဲ့ Roald Dahlရဲ့ ဝတ္ထုတွေကို ရုပ်ရှင်အဖြစ်ပြန်ပြီးအသက်သွင်းရာမှာလည်း အောင်မြင်မှုအတိုင်းအတာတစ်ခုထိ ရရှိခဲ့ပါတယ်။ Matildaဆိုတာလည်း အနုပညာပိုင်းမှာ အောင်မြင်ခဲ့တဲ့ Liveaction ဇာတ်ကားတစ်ခုပဲ ဖြစ်ပါတယ်။ IMDbအနေနဲ့ 6.9၊ RTမှာ 91%ရရှိထားပါတယ်မတေးဒါက မွေးကင်းစကတည်းက မိဘကံမကောင်းခဲ့သူလို့ ဆိုရမှာပါ။ဖခင်က တစ်ပတ်ရစ်ကားတွေ ဂျင်းထည့်ပြီးရောင်းတဲ့ လူလိမ်၊ အမေကအရပ်တကာပတ် ဘင်ဂိုပတ်ဆော့နေသူဖြစ်ပြီး ကိုယ့်ရဲ့သွေးသားရင်းကိုချစ်တဲ့ပုံများကတော့ ကလေးမွေးပြီး ဆေးရုံဆင်းလာတာ အိမ်ရောက်တဲ့အချိန် သမီးဖြစ်သူမွေးကင်းစက ကားနောက်ခန်းထဲမှာကျန်ခဲ့မှန်းတောင်သတိမရတဲ့ ဂန္တဝင်ဖေဖေ၊ ကောင်းကင်မေမေတွေပေါ့။ မိဘတို့ပြုအပ်တဲ့ဝတ္တရားကို ကျေပွန်ပုံကလည်း သမီးအသက်ကို ၄နှစ်နဲ့ ၆နှစ်ခွဲ မသဲကွဲလို့ကျောင်းတက်ချင်တာတောင် ကျောင်းမအပ်ပေးကြသူတွေပေါ့။မိဘတွေရဲ့ကောင်းသတင်းက ပြောမဆုံးအောင်ရှိပေမယ့် မတေးဒါလေးကခေသူမဟုတ်ပါ၊ အသက်၂နှစ်ကတည်းက ဘယ်သူမှမသင်ဘဲ စာရေးတတ်ဖတ်တတ်နေသလို အသက်၄နှစ်မှာ မိဘတွေမသိအောင် စာကြည့်တိုက်ကိကလေးစာအုပ်တွေသာမက သုတရသစာအုပ်တွေပါ ထုံးလိုမွှေရေလိုနှောက် ဖတ်နိုင်တဲ့ တောက်မည့်မီးခဲ တရဲရဲလေးပေါ့ ။ ဉာဏ်ကြီးရှင်ဖြစ်သလို ဟာသဉာဏ်ကလည်း ရွှင်လေတော့ သူ့ကိုစိတ်ဒုက္ခမျိုးစုံပေးတဲ့မိဘတွေကိုပါ မထင်ရင် မထင်သလို trollတတ်ပါသေးတယ်။ဒီလိုပါရမီရှင်လေးကို ထိန်းမနိုင်တဲ့အဆုံး ကျေးဇူးရှင်ဖေဖေနဲ့ မေမေခမျာမတေးဒါကို ငါ့လက်ကလွတ် ကျွတ်ဆိုပြီး ကျောင်းထားပေးလိုက်ပါတယ်။မွေးလာကတည်းက ဆရာကြီးတွေနဲ့တွေ့လာတဲ့ မတေးဒါဟာ ကျောင်းမှပဲဆရာ့ဆရာကြီးနဲ့ သွားတွေ့ပါတော့တယ်။ အပေါက်ကဆိုး အပြောကကြမ်းလက်သံကပြောင်၊ အိုလံပစ် သံလုံးပစ် လှံတံပစ် ပြိုင်ပွဲဝင်ဟောင်းဖြစ်တဲကျောင်းအုပ်ကြီး မစ်ထရန့်ချ်ဘူးက မတေးဒါလေးကို ဆီးကြိုနေတာပါ။ကျောင်းအုပ်ကြီးလက်အောက်မှာပဲ မစ်ဟန်နီဆိုတဲ့ သဘောမနောကောင်းစိတ်သဘောထားဖြူစင်တဲ့ ဆရာမလေးတစ်ယောက်လည်း ရှိနေပါတယ်။မတေးဒါက ဆရာမလေးကို ခင်တွယ်သလို ဆရာမကလည်း မတေးဒါကိုအရမ်းချစ်ပါတယ်။ ဒါပေမဲ့ဆရာမလေးမှာ ကျောင်းအုပ်မစ်ထရန့်ချ်ဘူးနဲ့ဆိုးရွားတဲ့ အတိတ်ဇာတ်ကြောင်းတွေ ရှိနေတာကြောင့် မတေးဒါလေးဟာသူချစ်တဲ့ဆရာမလေးကို ကူညီဖို့ ကျောင်းအုပ်ကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ကြိုးစားပါတော့တယ်။