Love Li HD

Love Li

Unknown HD 2024-06-14 8.3 168 Min

ကန်နာဒါရုပ်ရှင်တွေမှာ ဗီလိန်နေရာက သရုပ်ဆောင်တာများတဲ့မင်းသား ဗာဆီရှ်သာဆင်မ်ဟာ ဇာတ်လိုက်နေရာကရိုက်ထားတဲ့အသစ်ထွက် ရိုးမန့်စ်အက်ရှင် ရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဗာဆီရှ်သာဟာဆိုရင် K.G.F လို ရုပ်ရှင်မျိုးမှာတောင် ဗီလိန်နေရာကပါဝင်ဖူးသူဖြစ်တဲ့အတွက် ကန်နာဒါရုပ်ရှင်လောကမှာ အတော်အသင့်နာမည်ကြီးနေပြီဖြစ်တဲ့မင်းသားလို့လည်းပြောလို့ရပါတယ်။ဇာတ်လမ်းကတော့.. သူ့ချစ်သူကို ထိလို့ဆိုပြီး ထိတဲ့လက်ကို ခုဝာ်ဖြဝာ်တဲ့ထိကြမ်းတဲ့၊ကြမ်းပေ့ဆိုတဲ့ လူမိုက်တွေကတောင် ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့မိဘမဲ့ မိုက်ရူးရဲတစ်ယောက် ချစ်ရတဲ့မိန်းကလေးနဲ့ လက်ထပ်ပြီးအခြေချဖို့ကြိုးစားနေတုန်းမှာ အခြေအနေအရပ်ရပ်ကသူ့ကို ဂိုဏ်းစတားတစ်ယောက်ဖြစ်လာအောင် တွန်းပို့တဲ့အတွက်ဂိုဏ်းစတားတစ်ယောက်ဖြစ်လာပုံကို တောင်ပိုင်းကားဆန်ဆန် မြင်တွေ့မှာပဲဖြစ်ပါတယ်။ဇာတ်လမ်းရော၊ နောက်ခံတီးလုံးတွေရော၊ အက်ရှင်ခန်းတွေရော တော်တော်လေးမဆိုးလှတာမလို့ စီအမ်အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် စီအမ်ဘောလိဝုဒ်တီးမ်ကနေဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။