Detective Dee: The Mirage in Heaven HD

Detective Dee: The Mirage in Heaven

Action Fantasy Mystery HD 2024-08-05 9 78 Min

ထန်မင်းဆက်မှာ ဒီးရန်ကျယ်ဟာ ထူးဆန်းထွေလာအမှုပေါင်းများစွာကိုဖော်ထုတ်နိုင်သူတစ်ဦးအဖြစ်သမိုင်းတွင်ခဲ့ပါတယ်။အခုဒီရုပ်ရှင်ထဲမှာလည်း ဒီးရန်ကျယ်က ဘယ်လို အမှုဆန်းမျိုးကို ကိုင်တွယ်ရမလဲ……ချွေကုန် ၄ နှစ်မြောက်မှာ ဝမ့်ရှန့်နန်းဆောင်ကြီး ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။မိဖုရားကြီး ဝူကျယ်ထျန်းက အမတ်အပေါင်းကို ပွဲတော်ချီးမြှင့်ခဲ့ပြီးပြည်သူတွေကို နန်းတော်ထဲမှာ ပွဲတော်ကြည့်ရှုခွင့် ပြုခဲ့ပါတယ်။ပွဲတော်မှာ ဇာမဏီငှက်က ပျံသန်းခဲ့ပြီး ငှက်အပေါင်းကလာရောက်ခစားတဲ့ နိမိတ်ကောင်းမျိုး ပေါ်ထွက်ခဲ့တဲ့အတွက်ဝူကျယ်ထျန်းကို တိုင်းပြည်အုပ်ချုပ်ဖို့ ကောင်းကင်ကနိမိတ်ပြတာဆိုပြီး အမတ်များနဲ့ ပြည်သူတွေက လက်ခံခဲ့ပါတယ်။ဒါပေမဲ့ ရုတ်တရက်အတွင်း ကောင်းကင်ပေါ်မှာ နတ်နန်းဆောင်ကြီးပေါ်လာခဲ့ပြီး ပွဲတော်ကို ဖျက်ဆီးခဲ့ပါတယ်။ မိဖုရားကြီးဝူကျယ်ထျန်းကဒေါသူပုန်ထပြီး ချက်ချင်းပဲ ဒီးရန်ကျယ်ကိုပြန်လည်ဆင့်ခေါ်ကာ ၇ ရက်အတွင်းအမှုကို ဖြေရှင်းဖို့ အမိန့်ပေးခဲ့ပါတယ်။ကောင်းကင်ပေါ်က ပုံရိပ်တွေဟာ ဘယ်လိုပေါ်လာခဲ့သလဲ……နန်းတွင်းပွဲတော်က ပျောက်သွားတဲ့ စစ်သည် ၃၀၀၀ ကရော ဘယ်ကို ရောက်သွားသလဲ……ဒီအရာအားလုံးရဲ့ နောက်ကွယ်မှာ ဘယ်လိုအကြံအစည်ကြီးမျိုး ရှိနေမလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။