ဆေးဝါးကုမ္ပဏီတစ်ခုရဲ့ စီအီးအိုဖြစ်သူ ယူကီကတစ်ချိန်ကရင်းနှီးခဲ့ဖူးတဲ့လူတစ်ယောက်နဲ့ အမှတ်တရတွေရဲ့ခြောက်လှန့်မှုကို ခံစားနေရတယ်။တစ်နေ့မှာတော့ ယူကီ အဲဒီတစ်ချိန်ကလူနဲ့တစ်ပုံစံတည်းတူတဲ့ လူငယ်လေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။အဲဒီလူငယ်လေးကိုပဲ ထပ်ပြီးတွေ့ချင် ထွေးပိုက်ချင်နေတဲ့ ယူကီတစ်ယောက်သူ့အဖေလက်ထက်တုန်းက ကုမ္ပဏီမှာ ဆေးဝါးတီထွင်တဲ့ ပညာရှင်ဆီသွားပြီး အကူအညီတောင်းခဲ့ပါတယ်။ပညာရှင်ဖော်စပ်ပေးတဲ့ဆေးကိုသောက်ပြီး ယူကီ့ခန္ဓာကိုယ်ကနေ အလင်းတန်းတွေထွက်လာတဲ့အချိန်မှာတော့…။