မင်းသမီး Samantha Akkineniပါဝင်သရုပ်ဆောင်ထားပါတယ်။ဘင်ဒူဆိုတဲ့ကောင်မလေးဟာ ပရဟိတ လုပ်ငန်းတစ်ခုမှာ ပါဝင်တဲ့သူတစ်ယောက်ပေါ့…ရိုးရှင်းစွာဖြတ်သန်းပြီး ခပ်ပြုံးပြုံးလေးနေတတ်တဲ့ သူမကို သိပ်ချစ်တဲ့ကောင်လေး နာနီဆိုတာရှိတယ်…ဒီကောင်လေးကလည်း သူ့ကိုလိုက်နေတာ ၃နှစ်၃မိုးဆိုပါတော့လေ…အဖြေပြန်မပေးပေမယ့် ကောင်မလေးကလည်း ကြာတော့သူ့ကို သံယော်ဇဉ်တွယ်လာပုံပါပဲ…တစ်နေ့တော့ ဘင်ဒူဆိုတဲ့ကောင်မလေးကို သူဌေးကြီးတစ်ဉီးက မျက်စိကျသွားတယ်…ဒီသူဌေးကြီးဟာ ကောင်မလေးကိုရဖို့ဆို အနားမှာရှိတဲ့နာနီကိုရှင်းထုတ်မှဖြစ်မယ်ဆိုပြီးအသေသတ်ပစ်လိုက်တယ်….ထူးဆန်းစွာပဲနာနီဟာ သေပြီးနောက် ယင်ကောင်အဖြစ်ပြန်လည်မွေးဖွားခဲ့တယ်…ယင်ကောင်ဖြစ်ပေမယ့် အတိတ်ဘဝက သူ့ကို ဖျက်စီးခဲ့တဲ့သူကိုအမှတ်ရပြီးနောက်မှာတော့…..ယင်ကောင်ပင်ဖြစ်လင့်ကစား ဒီအမျိုးယုတ်သူဌေးကို ရတဲ့နည်းနဲ့လက်စားချေဖို့ကြိုးစားပါတော့တယ်…ယင်ကောင်ရဲ့အကြံအစည်တွေအထမြောက်လာမလားဆိုတာကိုတော့….