လျောက်ပုဖန်ဆိုတဲ့ကောင်လေးဟာ သူ့အသံကြားတာနဲ့ လူတိုင်းကကံဆိုးကြတဲ့အတွက် ဝေးဝေးကရှောင်ရတဲ့လူတစ်ယောက်ဖြစ်ပါတယ်။သူ့ဘေးမှာ ဘယ်သူမှမရှိတဲ့အတွက် အထီးကျန်နေတဲ့လျောက်ပုဖန်ဟာ ရှူရှန်းတောင်မှာအစွမ်းပညာကျင့်ကြံဖို့ ဆရာရှာဖို့ ထွက်လာခဲ့ပါတယ်။ရှူရှန်းတောင်ပေါ်မှာ တပည့်ယောကျာ်းလေးတွေပဲရှိတဲ့ရှင်းရှို့ဂိုဏ်းနဲ့တပည့်မိန်းကလေးတွေပဲ ရှိတဲ့ ရွှမ်ယင်းဂိုဏ်း ၂ ဂိုဏ်းရှိပါတယ်။ဂိုဏ်းချုပ် ၂ ယောက်ဟာ အတိတ်က ရန်ငြိုးတွေကြောင့်တပည့်တွေလည်း မတည့်ဖြစ်နေပါတယ်။ ရှင်းရှို့ဂိုဏ်းချုပ်ရဲ့တွက်ချက်မှုအရ လျောက်ပုဖန်ဟာ မိစ္ဆာလောင်းရဲ့ ခန္ဓာဖြစ်ပြီးသွေးလထွက်တဲ့ ညမှာ မိစ္ဆာကြီး ဖြစ်သွားနိုင်တယ်တဲ့။မိစ္ဆာမဖြစ်အောင် ဖြေရှင်းဖို့ နည်းလမ်းကတော့ ချစ်ရသူကိုရှာတွေ့ဖို့ဖြစ်ပြီး ချစ်ရသူရဲ့ ကိုယ်ပေါ်မှာ မှဲ့ကြီးတစ်လုံးပါကြောင်း သိခဲ့ရပါတယ်။ ချစ်ရသူကို ရှာဖို့အတွက်ရှင်းရှို့ဂိုဏ်းက ဆရာတပည့်တွေ ဘယ်လို ဟာသမျိုးတွေ လုပ်ခဲ့သလဲ……လျောက်ပုဖန်ကို ကယ်တင်ပေးနိုင်မဲ့ ချစ်ရသူကရော ဘယ်သူ ဖြစ်နေမလဲ……ဆိုတာကို သိရအောင် ရုပ်ရှင်ကိုပဲဆက်ကြည့်လိုက်ရအောင်နော်။