တရုတ်ဒဏ္ဍာရီပုံပြင်တွေထဲမှာ မျက်စိသုံးလုံးပါတဲ့အာ့လန်နတ်မင်းကို တွေ့ဖူးကြမယ်ထင်ပါတယ်။ဒီရုပ်ရှင်လေးကတော့ အာ့လန်တစ်ယောက် နတ်မင်းမဖြစ်ခင်ကသာမန်လူသားဘဝနဲ့ ဖြတ်သန်းခဲ့တဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့-ယန်ကျန်ဟာ အဖေနဲ့ညီမလေးနဲ့အတူ ကြီးပြင်းလာခဲ့ပြီး အမေက ဘယ်သူလဲဆိုတာသိချင်နေတဲ့ အသက် ၂၀ အရွယ် လူငယ်လေးတစ်ယောက် ဖြစ်ပါတယ်။တစ်နေ့မှာ ရွာထဲက ကလေးခိုးသွားတဲ့ မိစ္ဆာတစ်ကောင်နောက်လိုက်ခဲ့ပြီးသူက လူတစ်ပိုင်း နတ်တစ်ပိုင်းဖြစ်ကြောင်း သိခဲ့ရပါတယ်။သူက အတင်းအကြပ်မေးတဲ့အတွက် သူ့အဖေကလည်း မတတ်နိုင်တော့ဘဲယန်ကျန်ရဲ့ အမေက နတ်သမီးတစ်ပါးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၂၀ ကမီးမိစ္ဆာကြီး ချုံမင်ကို နှိမ်နင်းဖို့အတွက်မက်မွန်တောင်အောက်မှာ အပိတ်ခံထားရကြောင်း သိခဲ့ပါတယ်။အမေ့ကို ကယ်ဖို့အတွက် တားမြစ်စည်းထဲ ဝင်သွားတဲ့ယန်ကျန်ကို ဘယ်လို စိန်ခေါ်မှုမျိုးတွေက စောင့်နေမလဲ……သူတို့ သားအမိတစ်တွေ ပြန်ဆုံစည်းရပါ့မလား……မိစ္ဆာကြီး ချုံမင်ကရော ဘယ်လို အန္တရာယ်မျိုးတွေ ရှိနေမလဲ……ဆိုတာကို ရုပ်ရှင်ကိုပဲ ဆက်ကြည့်လိုက်ရအောင်နော်။