An Arrow Through the Heart HD

An Arrow Through the Heart

Action Drama War HD 2024-08-29 3 88 Min

မြို့တော်မှာ နေတဲ့ယန်မိသားစုတစ်စုကတစ်နေ့မှာတော့ လုပ်ကြံသူတွေသတ်ဖြတ်တာခံလိုက်ရပေမဲ့ သားဖြစ်သူယန်ဟိုင်ကိုလွတ်မြောက်အောင်ကာကွယ်ပေးခဲ့တာပေါ့။ဒီလိုနဲ့ ယန်ဟိုင်တစ်ယောက်ယန်ရှီပါးရှိတဲ့နေရာဆီသွားရှာခဲ့တယ်။ယန်ရှီပါးက ရှောင်ဟိုင်အဖေဆီကနေကြားနေကျမြှားပစ်တဲ့နေရာမှာဆရာတစ်ဆူလိုထူးချွန်တဲ့ နတ်လေးသမားပေါ့။ဒါပေမဲ့ရှောင်ဟိုင်လာတဲ့ အချိန်နောက်ကျသွားပြီးယန်ရှီပါးတစ်ယောက်ဟာလွန်ခဲ့တဲ့ (၂) နှစ်လောက်တည်းကဆုံးပါးသွားခဲ့တယ်။သမီးဖြစ်သူ ယန်ရှောင်ဖျင်ကတော့က်မမြင်ဖြစ်ပေမဲ့လေးအတတ်ကိုအဖေအမွေဆက်ခံသူပီပီ ထူချွန်ပြောင်မြောက်လှတယ်။သူနဲ့အတူနေတဲ့ ရှောင်ပုကတော့စစ်မြေပြင်ကနေကောက်ယူလာတဲ့ မိဘမဲ့ဖြစ်ပြီးရှောင်ဟိုင်က သေဆုံးသွားတဲ့မိဘတွေကိုလက်စားချေဖို့ ရှောင်ဖျင်ဆီကနေလေးအတတ်ကိုသင်ယူခဲ့တယ်။ဒီလိုနဲ့ ၃ ယောက်သားအေးအေးချမ်းချမ်းဖြတ်သန်းနေကြတဲ့ချင်းဆွေရွာမှာတစ်နေ့တော့ ပင်လယ်ဓါးပြတွေတိုက်ခိုက်တာခံရပါတော့တယ်။ အကြောင်းရင်းကတော့ဝေါတိုင်းပြည်ဓါးပြခေါင်းဆောင်ရဲ့သမီးဖြစ်သူနဲ့ရှောင်ဟိုင်တို့တွေ့ပြီးသမီးဖြစ်သူကမြင်မြင်ချင်းချင်းမှာတင်ရှောင်ဟိုင်ကိုချစ်မိသွားရာ သူနေထိုင်တဲ့ချင်းဆွေရွာကိုသွားပြီးရှောင်ဟိုင်ကိုဖမ်းခေါ်ပြီး သူ့ဘေးနားမှာထားဖို့ကြံစည်ပါတော့တယ်။ ဓါးပြခေါင်းဆောင်သမီးဖြစ်သူကလည်း နှလုံးရောဂါကြောင့်တစ်နှစ်ပဲအသက်ရှင်တော့ရတယ်ဆိုပေမဲ့မတူညီတဲ့အင်္ဂါနဲ့ဖွဲ့စည်းထားတဲ့နှလုံးကိုစားပါကရောဂါပျောက်နိုင်တယ်လို့သမားတော်ကပြောခဲ့တဲ့အပေါ် ရှောင်ဖျင်ကိုမြင်မြင်ချင်းချင်းမတူညီတဲ့အင်္ဂါနဲ့ဖွဲ့စည်းထားတဲ့ နှလုံးကိုယူဖို့ကြိုးစားပါတော့တယ်။ဒီလိုနဲ့ ပင်လယ်ဓါးပြတစ်ဖွဲ့လုံးချင်းဆွေရွာကရွာသားတွေကိုဖမ်းဆီးသတ်ဖြတ်ထားတာကိုရှောင်ဟိုင်ပြန်လာတဲ့အချိန်တွေ့သွားတဲ့အခါရှောင်ဖျင်ကိုကယ်ဖို့ လိုက်ရှာရင်းဘာတွေဆက်ဖြစ်ကြမလဲ။လေးအတတ်အင်မတန်တတ်ကျွမ်းလှတဲ့မျက်မမြင်ရှောင်ဖျင်တစ်ယောက်ဘယ်လိုတွေအရည်အချင်းတွေများဖုံးကွယ်ထားသေးလဲစတာတွေကိုဒီဇာတ်လမ်းလေးထဲမှာ ဖော်ပြသွားတာမို့လို့ဒီဇာတ်လမ်းလေးကို ကြည့်ရူလိုက်ရအောင်