Afraid FHD

Afraid

Horror Thriller Science Fiction FHD 2024-08-28 6.17 84 Min

ယနေ့ခေတ်မှာ AI နည်းပညာတွေက အံ့မခန်း တိုးတက်လာတာလူတိုင်းအသိပါပဲ။  ဒီလိုနည်းပညာတွေကို လူသားတွေအကျိုးအတွက်အသုံးပြုရာမှာ တွင်ကျယ်လာသလို တစ်ဖက်မှာလည်း ဒီနည်းပညာတွေအပေါ်လူသားတွေ မှီခိုလွန်းတဲ့အခါမှာ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်းသတိပေးနေကြပါတယ်။ဒီဇာတ်ကားမှာဆိုရင် အဆင့်မြင့် AI နည်းပညာတစ်ခုကြောင့် ဖြစ်လာတဲ့အရာတွေကို စိတ်ကူးယဉ်ဖန်တီး ရိုက်ကူးတင်ဆက်ထားတာပါ။အိုင်ယာ(AIA)လို့ အမည်ပေးထားတဲ့ ဒီအဆင့်မြင့် AI နည်းပညာဟာ Datasetတစ်ခုပေါ်မှာ သူ့ဘာသာ သင်ယူလေ့လာနိုင်တဲ့ အဆင့်ရှိပါတယ်။ဒီနည်းပညာကို ဈေးကွက်ထဲ မဖြန့်ချိခင် အရောင်းမြှင့်တင်ရေး တစ်ဦးဖြစ်တဲ့ကာတစ်စ်ဆိုတဲ့ အမျိုးသားနဲ့ သူ့ရဲ့ မိသားစုကို စမ်းသပ်အဆင့်အနေနဲ့ စပြီးတပ်ဆင်အသုံးပြုစေခဲ့ပါတယ်။ အိုင်ယာဟာ သူတို့မိသားစုရဲ့ နေ့စဉ်ဘဝတွေကိုပိုပြီး အဆင်ပြေချောမွေ့အောင် လူတစ်ယောက်နီးပါး ဆောင်ရွက်ပေးနိုင်တဲ့အတွက်မိဘတွေရော ကလေးတွေပါ ဒီနည်းပညာကို နှစ်ခြိုက်သဘောကျကြပါတယ်။တစ်ဘက်မှာ ဒီမိသားစုရဲ့ သတင်းအချက်အလက်တွေအပေါ် သင်ယူလေ့လာမှုလုပ်ရင်း မိသားစုဝင်တွေရဲ့ နေ့စဉ်လူနေမှု ဘဝတွေမှာ စတင်ပြီး ချုပ်ကိုင်ခြယ်လှယ်မှုတွေ စပြီး လုပ်လာတဲ့ အခါမှာတော့….။