The Thicket FHD

The Thicket

Crime Thriller Western FHD 2024-09-05 5.9 108 Min

ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှာထွက်ရှိခဲ့တဲ့ အမေရိကန်ကောင်းဘွိုင်ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ယနေ့ခေတ် အမေရိကန်မဖြစ်လာခင်ခေတ်ဟောင်းအမေရိကန်ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝနေထိုင်မှုပုံစံတွေကိုရှုစားကြရမှာပါ။ဂျက် နဲ့ လူလာတို့ မောင်နှစ်မနှစ်ယောက်က မိဘနှစ်ပါးဆုံးပါးသွားတဲ့အခါအဘိုးဖြစ်သူခေါ်ရာနောက်လိုက်ရင်းနဲ့ ခရီးရှည်ကြီး စ ထွက်ခဲ့ပါတယ်။လမ်းမှာ ဓားပြဗိုလ်ဖြစ်သူ ဘေလ်လီ က ညီမငယ်လေး လူလာ ကို မျက်စိကျသွားရာကနေ ဖမ်းခေါ်သွားတဲ့အခါ မောင်နှစ်မနှစ်ယောက် တကွဲတပြားစီဖြစ်သွားပါတော့တယ်။ညီမလေးကို ချစ်ရှာတဲ့ ဂျက် က ဓားပြတွေနောက်ကိုလိုက်ဖို့ ပြင်ရပါတော့တယ်။ဂျက် နဲ့ လူလာတို့ လမ်းခရီးမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ တိုက်ခိုက်ကြတဲ့အက်ရှင်ခန်းတွေနဲ့ ငေးမောဖွယ်ရာသဘာဝရှုခင်းတွေကို ခံစားကြည့်ရှုကြရမှာပါ။ဒီဇာတ်ကားလေးမှာတော့ ခေတ်ဟောင်းအမေရိကန်ရဲ့ ကောင်းဘွိုင်တွေ၊လူနေမှုဘဝတွေအပြင် ကျယ်ပြန့်တဲ့လွင်ပြင်ကျယ်ကြီးတွေ တောတောင်သဘာဝရှုခင်းတွေကို ပေါ်လွင်အောင် နောက်ခံထားပြီးရိုက်ကူးထားတာကြောင့် ကောင်းဘွိုင်ရုပ်ရှင်နှစ်သက်သူတွေအနေနဲ့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ခင်ဗျာ။