သွေးသံရဲရဲ အသတ်အဖြတ်ခန်းနဲ့ အဖော်အချွတ်ခန်းများ ပါဝင်သည့်အတွက်ကလေးသူငယ် မိသားစုများနဲ့ ကြည့်ရှုရန်မသင့်ပါ။စိမ့်တောလယ်တစ်နေရာ အလောင်းတစ်လောင်း ပေါ်လာပြီးဒဏ်ရာဒဏ်ရာများမှာ သာမန်မိကျောင်းကိုက်ရာ ငါးမန်းကိုက်ရာမဟုတ်ပဲထူးဆန်းနေသည့်အတွက် မြို့ပေါ်မှ ဆေးပညာစစ်ဆေးရေးမှူး ဆမ်ရစ်ဗားစ်ကို ဆင့်ခေါ်လိုက်ရပါတယ်။အဲဒီမှာ အလောင်းကို စစ်ဆေးပြီး မူမမှန်တာကြောင့် ဆမ်တစ်ယောက် အလောင်းစတင်တွေ့ရှိခဲ့တဲ့နေရာစိမ့်တောအလယ်ခေါင်ကို တောရိုင်းဦးစီးဌာနမှ ဇီဝဗေဒပညာရှင်မလေးတစ်ဦးနဲ့စုံစမ်းထောက်လှမ်းဖို့ ခရီးထွက်ခဲ့တဲ့အခါမှာတော့ သာမန်သွေးရိုးသားရိုးမဟုတ်ပဲထူးခြားတဲ့ အဖြစ်နဲ့ ကြုံဆုံပြီး နှစ်ဦးသား အသက်ဘေးလွတ်ဖို့ကြိုးစားရပုံတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။