The Lonely Man with the Ghost Machine HD

The Lonely Man with the Ghost Machine

Drama Horror Science Fiction HD 2024-03-23 4.2 90 Min

လက်ရှိနေထိုင်နေတဲ့ကမ္ဘာကြီးပျက်စီးသွားပြီး ကိုယ်နဲ့ကိုယ်ချစ်ရတဲ့ချစ်သူဒါမှမဟုတ် လင်မယားဖြစ်သူနဲ့ပဲကျန်ခဲ့မယ်ဆိုရင်ဘ၀ကြီးကလွယ်ကူနေဦးမှာပဲလို့တွေးမိတဲ့လူတွေရှိမှာပါ။ဒါပေမယ့်တကယ်တမ်းကိုယ်တွေ့မျက်မြင်ကြုံလာရတဲ့အခါမှာတော့အဲ့လောက်လွယ်ကူနေမှာမဟုတ်ပါဘူး။ကိုယ်ချစ်ရတဲ့လူကကိုယ့်ဘေးမှာရှိနေမယ်ဆိုပေမဲ့ ပျက်စီးနေတဲ့ကမ္ဘာကြီးကိုကြည့်ပြီး တစ်နေ့တစ်နေ့ဖြတ်သန်းဖို့ကိုမနည်းရုန်းကန်နေရရင်တော့လွယ်ကူမှာမဟုတ်တော့ပါဘူး။အဲ့လိုစိတ်ကူးယဉ်မှုတွေကိုကွက်ကွက်ကွင်းကွင်းမြင်တွေ့ရအောင်ပုံဖော်ရိုက်ကူးထားတဲ့ The Lonely Man With The Ghost Machine ဆိုတဲ့ဘက်ဂျက်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။အစမှာပြောခဲ့တဲ့အတိုင်း၀ူဇက်နဲ့နယ်လီတို့လင်မယားက ခရမ်းရောင်ကောင်းကင်တွေ တိမ်တိုက်ကြီးတွေနဲ့ ကောင်းကင်ပေါ်ကကျလာတဲ့အကောင်ကြီးတွေရှိနေတဲ့ပျက်စီးနေတဲ့ကမ္ဘာကြီးမှာရှင်သန်အောင်ရုန်းကန်နေကြရတာကိုတွေ့ရမှာဖြစ်ပါတယ်။စစချင်းတုန်းကတော့တစ်ယောက်လက်တစ်ယောက်တွဲပြီးလောကကြီးကိုရင်ဆိုင်ခဲ့ကြတယ်ဆိုပေမဲ့ကြာလာတဲ့အခါမှာတော့၀ူဇက်တစ်ယောက်လည်းစိတ်တွေလေလာပြီး အရက်တွေပဲသောက်နေပါတော့တယ်။ဒီလိုနဲ့နယ်လီလည်းစိတ်တွေညစ်ပြီးစိတ်ပြေလက်ပျောက်လမ်းထွက်လျှောက်ရာကနေသေဆုံးသွားခဲ့ပါတယ်။အဲ့ဒါကြောင့်အကြီးအကျယ်တွေနောင်တရနေတဲ့၀ူဇက်ကသူ့မိန်းမကိုပြန်ခေါ်ဖို့ကြိုးစားရင်းနဲ့ The Lonely ManWith The Ghost Machine(အထီးကျန်နေသောယောက်ျားတစ်ယောက်နှင့်ဝိညာဉ်စက်)ဆိုတဲ့ဇာတ်ကားလေးပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။