ဟူပါးယီး တို သူငယ်ချင်း (၃) ယောက်ဟာ ရွာသားတွေ ပြောပြတဲ့ ပန်းထိုးဖိနပ်ပုံပြင်နဲ့ အလိမ်ခံလိုက်ရပြီး ရှန်ရှီးဂူလန်ခရိုင်ကို သွားခဲ့ပါတယ်။ လမ်းခရီးတစ်လျှောက် အန္တရာယ်တွေနဲ့ကြုံတွေခဲ့ရပြီး တည်းခိုဆောင်မှာ မျက်ကန်းချိန်ရဲ့ သတိပေးမှုကြောင့် ရွာသားတွေရဲ့ ထောင်ချောက်ထဲက ရှောင်ပြေးနိုင်ခဲ့ပါတယ်။ သူတို (၃) ယောက်သား မတော်တဆ Longling ဝင်္ကပါဂူကြီးထဲ ပြုတ်ကျသွားခဲ့ပြီး ထိုဂူထဲမှာ လင်းနိုတွေ တိုက်ခိုက်တာခံခဲ့ရပြီးနောက် ကိုယ်ပေါ်မှာ အနီရောင်အကွက်တွေ ထွက်လာတော့ ဦးလေးဝမ်အိမ်မှာ အနားယူဖို ဆုံးဖြတ်လိုက်ကြတယ်။ အဲ့အချိန်မှာပဲ အနီကွက်အကြောင်းလာစုံစမ်းတဲ့ Shirley နဲ့ တွေကြတာပေါ့