ဒီဇတ်ကားကတော့ သိပ္ပံနဲ့ စိတ်ပိုင်းဆိုင်ရာထိတ်လန့်သည်းဖိုအမျိုးအစားဇတ်ကားဖြစ်ပါတယ်။ဒါရိုက်တာက Mikael Håfström (မစ်ခေးလ်ဟက်ဖ်စထွန်းမ် ) ဖြစ်တယ်။သရုပ်ဆောင်တွေကတော့ Manchester by the Sea နဲ့ အော်စကာဆုရထားတဲ့ကေစီအက်ဖလက်ခ်( Casey Afflect )အဂ်လိပ်မင်းသမီး အမ်မလီဘီးချမ်(Emily Beecham ။အမ်မလီက ကိန်းရုပ်ရှင်ပွဲတော်မှာ ၂၀၁၉ခုနှစ်က Little Joeဇတ်ကားနဲ့အကောင်းဆုံးအမျိုး သမီးသရုပ်ဆောင်ဆုရထားပါတယ်။နောက်နှစ်ယောက်တော့ Emmy ဆုတွေ နဲ့အခြားဆုတွေရထားတဲ့ အသက်၆၃နှစ်ရှိ ပြီဖြစ်တဲ့လောရ့င်စ်ဖစ်ရှ်ဘာနီနဲ့နက်ရှ်အဖြစ်သရုပ်ဆောင်ထားတဲ့တိုမာကက်ပ်ဝမ်း တို့ဖြစ်တယ်။ဒါကြောင့်သရုပ်ဆောင်ချက်တွေကတော့ပြောစရာမလိုအောင်းကောင်းပါတယ်။ ဇတ်လမ်းအကျဥ်းကတော့ တိုက်တန်လကိုသွားနေတဲ့အိုးဒက်ဆီး-၁အာကာသယာဥ်ပေါ်မှာကြုံရတဲ့အခက်အခဲတွေအာကာသတွင်းခရီးသွားရာမှာကိုယ်တွင်းစွမ်းအင်သိပ်မလိုအောင်ကာလရှည်အိပ်မောကျအောင်လုပ်ပေးတဲ့ဆေးတွေရဲ့ဆိုးကျိုးကစိတ်ပိုင်းရုပ်ပိုင်းကိုဘယ်လိုသက်ရောက်မလဲ။ဘယ်ဟာကအစစ်အမှန်လဲဘယ်ဟာကအတုအယောင်လဲ။အာကာသတွင်း ရက်ရှည်ခရီးသွားရတာကအာကာယာဥ်မှုးတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိမလဲ။အာကာသယာဥ်မှူးသုံးယောက်ကြားကပဋိပက္ခတွေ။တိုက်တန်လပေါ်ကိုရောက်အောင်သွားမှာလားပြန်လှည့်မှာလား။Slingshot ( လောက်လွှဲလှုပ်ရှားမှုခေါ်ဒြပ်ဆွဲအားအကူ)နဲ့ယာဥ်ရဲ့အလျင်ကိုမြှင့်တက်ပြီးတိုင်တန်ကိုအမြန်ဆုံးရောက်အောင်လုပ်တာအောင်မြင်မလား။လှပတဲ့အချစ်ဇတ်လမ်းလေးတစ်ပုဒ်လည်းပါမယ်။လေးနက်တဲ့ ဒိုင်ယာလော့တွေ သိပ္ပံဆိုင်ရာ ဗဟုသုတတွေနဲ့ နောက်ဆုံးမှာမထင်မှတ်တဲ့ အလှည့်အပြောင်းတွေနဲ့လှည့်စားချက် ထည့်ထားတာက ဇတ်ကောင်တွေအစားရင်ထိတ်ရမယ်ပြီးတော့တွေးစရာ အဆုံးသတ်ကိုပေးမယ်။အကြိုက်ဆုံစကားလုံးပိုးဖလံတွေအန္တရာယ်ကြုံရတဲ့အခါအလင်းရှိရာကိုပျံသန်းကြတယ်အလင်းဆီမပျံသန်းဘူးဆိုရင်အပြောင်းအလဲကဘာလဲအမှောင်ထုဆီကိုလား”အကာသထဲလမ်းလျောက်တာတွေမပါပေမယ့် Slingshotဇာတ်လမ်းကိုရေးတဲ့R Scott Adam( အာစကော့အဒမ်)နဲ့ Nathan Parker (နက်သန်ပါကား)တို့ကပရိသတ်ကိုပေးချင်တဲ့ message ( သတင်း)ကတော့ ပရိသတ်နဲ့အကာသသိပ္ပံလက်တွေ့လောကလူတွေကိုတွေးစရာပေးသလို အခြားအာကာသသိပ္ပံကားတွေနဲ့ ကွဲထွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။နိုင်ငံတကာမှာreviewကောင်းတွေရရှိထားသလို သင်အချိန်ပေးရတာတန်တာတွေ့ရပါလိမ့်မယ်။