Kneecap ဟာဘယ်လ်ဖတ်စ်အခြေစိုက် အိုင်ယာလန်ဟစ်ပ်ဟော့အဖွဲ့ဖြစ်တဲ့ Kneecap အဖွဲ့ရဲ့ဇာတ်ကြောင်းကိုအခြေခံပြီးသူတို့အဖွဲ့ဝင်တွေကပဲ ကိုယ်တိုင်ပြန်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ထူးထူးခြားခြားအနေနဲ့ Michael Fassbender ကြီးကိုဇာတ်ပို့အဖြစ်မြင်တွေ့ရမှာပါ။ဒီကားကို Sundance Film Festival မှာပွဲဦးထွက်ပြသခဲ့ပြီး NEXT Audience Award ရရှိခဲ့သလို Galway Film Fleadh မှာလည်းဆုသုံးဆုဆွတ်ခူးခဲ့ပါသေးတယ်။လာမယ့် အော်စကာမှာလည်း Best International Feature Film အဖြစ်တင်သွင်းထားပါတယ်။ဇာတ်အစကနေအဆုံးထိ မြူးကြွသွက်လက်တဲ့တင်ဆက်ပုံတွေ၊ ရှယ်လန်းတဲ့ beats တွေ အတည်ပေါက်နဲ့ဖောက်တဲ့ဟာသတွေနဲ့ဆွဲခေါ်သွားနိုင်တဲ့ဇာတ်ကားဖြစ်ပါတယ်။