Thank You FHD

Thank You

Drama Romance FHD 2022-07-21 8 127 Min

ဒီမင်းသားရဲ့ထူးခြားချက်ကတော့ သူရိုက်တဲ့ကားတော်တော်များများက ဇာတ်ကိုအေးအေးလေးနဲ့ ပရိသတ်ကို ဆွဲခေါ်သွားနိုင်တဲ့ အရည်အချင်းရှိတယ်..ခုတစ်ခါထွက်ရှိလာတဲ့ကားလေးမှာလည်း လူတစ်ယောက်ရဲ့ဘဝ… အသေအချာပြောရရင် ယောက်ျားတစ်ယောက်ရဲ့ဘဝမှာ ကြုံရတတ်တဲ့ ဘဝရဲ့အချိုးအကွေ့ အနိမ့်အမြင့် အတက်အကျတွေကြားမှာ ကိုယ့်ကို ဘယ်သူဟာအမြင့်ကို ဆွဲခေါ်သွားလဲ ကိုယ့်ကို ဘယ်သူဟာ အနိမ့်ကို ဆွဲချသွားလဲဆိုတာကို ပိုင်းခြားသိမြင်တတ်အောင် သင်ပေးထားတဲ့ ဇာတ်ကားကောင်းလေးပါ..ရည်မှန်းချက်တွေအပြည့်နဲ့ အမေရိကန်ကို ရောက်လာတဲ့ အဘီဟာ တစ်ကောင်ကြွက်တစ်ယောက်ဖြစ်ပြီး သူ့အိပ်မက်တွေ အကောင်အထည်ပေါ်လာအောင် ကြိုးစားမယ့်လူတစ်ယောက်ပါ… ဒါပေမဲ့ အောင်မြင်လာတဲ့အခါမှာလည်း သူဟာ တစ်ကိုယ်ကောင်းဆန် မောက်မာလာပြီး သူ့ကျေးဇူးကို မေ့လာခဲ့ပါတယ်…