Miniatur Wunderland လို့ခေါ်တဲ့ ဂျာမနီ ဟန်းဘတ်မြို့ကင်းနစ်စံချိန်ဝင်ထားတဲ့ ရထားသံလမ်းမော်ဒယ် တည်ဆောက်ကြတဲ့အမြွှာ၂ယောက်အကြောင်းရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ပဲဖြစ်ပါတယ်။သာမန် သာကြည့်ရင် အရုပ်သေးသေးလေးတွေလို့ထင်ရတဲ့ မော်ဒယ်ပုံစံလေးတွေကိုလည်းBraun အမြွှာနှစ်ယောက်နဲ့ သူတို့ team က အချိန်တွေအများကြီးပေးပြီးအသေးစိတ်ကျကျ ပုံဖော်ရပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ Wunderland ကို ဂျာမနီမှာတင်မဟုတ်ပဲ တောင်အမေရိကဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးယိုးမြို့မှာပါ ဆောက်ဖို့ပြင်ဆင်ကြတာတွေပါ ရိုက်ကူးထားပါတယ်။ဘာသာစကားမတူ ယဥ်ကျေးမှုမတူပဲ တောင်အမေရိကသားတွေနဲ့ ဂျာမန်တွေအလုပ်ကို ချစ်စိတ်တစ်ခုတည်းနဲ့ ရီယိုမြို့မှာ Wunderland အကောင်အထည်ပေါ်ဖို့၂နှစ်လောက်အတူကြိုးစားကြတာကို ကြည်နူးဖွယ်ကြည့်ရမှာပါ။ကမ္ဘာမှတ်တမ်းဝင်အရာတစ်ခုဖြစ်လာဖို့ အချိန်တွေ ပိုက်ဆံတွေအပြင်စိတ်အားထက်သန်မှုတွေအများကြီးနဲ့ အလုပ်လုပ်နေကြတဲ့ Wunderland Team ကနောက်ကွယ်မှာ ဘယ်လိုရှိလဲဆိုတာ ကြည့်လိုက်ရအောင်နော်