ဘာလူဆိုတဲ့ကောင်လေးဟာ သူ့အဖေလက်ထပ်က ထားခဲ့တဲ့ရုပ်ရှင်ရုံအသေးလေးကို ဆက်လက်အမွေခံပြီးတော့ လုပ်ကိုင်လျက်ရှိပါတယ်။ဒါပေမဲ့လည်း ဒီရုံကို ဆက်လက်လည်ပတ်ဖို့ ပိုက်ဆံမရှိတဲ့အတွက် တွေ့တဲ့သူဆီကနေပိုက်ဆံလိုက်ချေးရင်းကနေ တစ်ရွာလုံးက သူ့အကြွေးရှင်တွေဖြစ်ကုန်ပါတော့တယ်။ဒီလိုနဲ့ အကြွေးတောထဲ နစ်နေပေမယ့် သူ့အဖေပေးခဲ့တဲ့ ဒီရုံလေးကို မစွန့်ပစ်နိုင်တာကြောင့်ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။ ရုံလေးအတွက် ဇာတ်ကားကြီးတွေ မတင်နိုင်တဲ့အခါမှာအဖော်အချွတ်ဇာတ်လမ်းတွေပဲ တင်ပြီးတော့ ဆက်လက်ပြီး ယိုင်နဲ့နဲ့ ရပ်တည်လာခဲ့ရင်းတစ်ရက် သူတို့ရွာရဲ့ ပွဲတော်နားနီးလာတဲ့အချိန်မှာ ဘာလူဟာ ဘာသာရေးကားပြပြီးရုံကနေ အမြတ်ထွက်ဖို့အတွက် ကြံစည်ပါတော့တယ်။ဒီလိုနဲ့ သူ့အဖေရဲ့ အမွေ ဒီရုံလေးကို ဆက်လက်ပြီးတော့ ရပ်တည်သွားနိုင်မှာလား …….ဒီရုံလေးကို အောင်မြင်ဖို့အတွက် ဘယ်လိုတွေကြိုးစားသွားမလဲဆိုတာကိုမြင်တွေ့ရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။