35 - Chinna Katha Kaadu HD

35 - Chinna Katha Kaadu

Drama Family HD 2024-09-06 8.3 145 Min

IMDb 7.7/10 “သင်မေးခွန်းမထုတ်တဲ့အခါ လူတွေကသင့်ကို ဘာမှသိတဲ့ကောင်မဟုတ်ဘူးလို့ပြောကြမယ်”သင်မေးခွန်းထုတ်မယ်ပြင်နေရင်တော့ ပါးစပ်ပိတ်ပြီး လုပ်စရာရှိတာလုပ်လို့ဆူကြလိမ့်မယ်”နှစ်နဲ့သုညမြှောက်တာ ဘာလို့ သုညရတာလဲ? နှစ်နဲ့သုညမြှောက်ရင်နှစ်မရနိုင်ဘူးလား?သုညဟာတန်ဖိုးမရှိဘူးလို့ဘယ်သူသတ်မှတ်ခဲ့တာလဲ?”ဒါဟာကျောင်းသားလေးအာရွန်ရဲ့မေးခွန်းတွေပါ ”လူတိုင်းသင်ယူနေတဲ့အရာကိုလိုက်ပြီးမလုပ်နိုင်တဲ့အခါမှာသင်ဟာလူညံ့တစ်ယောက်ပဲလူတိုင်းလုပ်နေတဲ့အခါအဲဒီအရာကိုမှားပါတယ်လို့ပြောခွင့်မရှိတော့ဘူး”သင်္ချာမှာညံ့တဲ့ကျောင်းသားလေးအာရွန် သူ‌ရဲ့မေးခွန်းတွေမှာ သင်္ချာဆရာတွေအကြိမ်ကြိမ်ကျရှုံးရမြဲအမြဲတမ်းအပြစ်ပေးခံနေရ အမြဲတမ်းဆူပူကြိမ်းမောင်းခံနေရပြီးအမေနဲ့အဖေကလဲဘယ်လောက်သင်ပေးသင်ပေးရင်းနဲ့သာစိတ်ညစ်ကြရတယ်သူကတော့သင်္ချာကိုနားမလည်နိုင်ပါဘူး ဒီလိုပုံစံနဲ့ဘဝကြီးကိုဘယ်လိုရှင်သန်မလဲအခက်အခဲတွေကို‌ကလေးတစ်ယောက်အနေနဲ့ဘယ်လိုကျော်ဖြတ်မလဲနောက်ဆုံးမှာသူ့ဘဝရဲ့အကြီးမားဆုံးမေးခွန်းဖြစ်တဲ့သင်္ချာဆိုတဲ့အရာကိုနားလည်နိုင်စွမ်းရှိသွားမလားဆိုတာကိုမိသားစုဟာသကားပုံစံလေးနဲ့တင်ဆက်ပေးထားတဲ့ရသစုံပညာရေးကားလေးပဲဖြစ်ပါတယ်