ဒီကားလေးကတော့ မှုခင်းရေးရာနဲ့သိုင်းဇာတ်လမ်းကိုပေါင်းစပ်ထားတဲ့ဇာတ်လမ်းလေးပါ2016ကထွက်ရှိထားတဲ့ Three Heroes and Five Gallantsကိုmovieအနေနဲ့ပြန်ရိုက်ကူးထားတာပါ~နန်ရီရွာ~လူတွေမရှုမလှသေဆုံးမှုတွေကြောင့်ကလေးတွေကြားမှာပင် တဘောင်လင်္ကါတွေနဲ့ကျော်ကြားနေသောမြိုဟုတ်ပါတယ်တစ်နှစ်ထဲမှာတင်လူ၁၂ယောက်ပျောက်ဆုံးသေဆုံးပြီးသေဆုံးသူတွေကလည်းဒုက္ခသည်တွေဆင်းရဲတဲ့မိသားစုဝင်တွေဖြစ်တာကြောင့်လူသေဆုံးမှုကိုအဲ့လောက်အရေးအရာမလုပ်ခဲ့ကြပါဘူးတဖြည်းဖြည်းအစောင့်တွပါ သေဆုံးလာတဲ့အခါမှာ တော့ ရုံး တော်က ပညာရှိလူကြီးမင်းပေါင်ကိုစေလွှတ်ကာထိုကိစ္စကိုစစ်ဆေးစေခဲ့ပါတယ်ပညာရှိပေါင်ဟာ သူ့တပည့်ပေါင်ရှင်းနဲ့အတူတူသွားရင်း သူရဲကောင်းနန်ရှ ကျန်းတာ့ရှနဲ့တွေ့ဆုံခဲ့ပါတော့တယ်အဲ့လိုနဲ့သူတိုသုံးယောက်ဟာ စုံစမ်းရေးကိစ္စတွေလုပ်ရင်းသံသယရှိသူလုရိသောင်ကိုစစ်ဆေးတဲ့အခါကူညီပေးမဲ့သူရဲကောင်းနောက်တစ်ယောက်ပိုင်ယွီထန်းနဲ့ထပ်တွေ့ကြုံခဲ့ပါတယ်အဆင်ပြေပြေတွေ့ကြုံခဲ့တာတော့မဟုတ်ပါဘူးအခက်အခဲတွေကိုသူတိုလေးယောက်ဘယ်လိုကျော်ဖြတ်မလဲ?ဘယ်လိုတွေကြုံတွေ့ရမလဲ?နောက်ကွယ်မှာ ဘယ်လိုလှည့်စားမှုတွေရှိမလဲဆိုတာဇာတ်လမ်းလေးကိုကြည့်ရှူလိုက်ရအောင်နော်