အိန္ဒိယရဲ့အမြင့်ဆုံး တောင်တန်းတွေကြားကိုကိုယ်တိုင်ရောက်သွားသလိုခံစားရစေမယ့် တောင်တက်မှတ်တမ်းရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ကရာတေး ခါးပတ်နက်ရ နိုင်ငံအဆင့် ရေကူးသမားကိုဗစ်မီတယ်ဆိုတဲ့လူငယ်တစ်ယောက်ရဲ့ တတိယမြောက် တောင်တက်ခရီး။ကိုဗစ်မီတယ်ဟာ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ ဧဝရတ်တောင်ထိပ်ကို တက်ဖို့ရည်ရွယ်ချက်ရှိတဲ့သူဖြစ်ပြီး ရှေ့မှာလည်း တော်တော်လေးမြင့်တဲ့ တောင်နှစ်တောင်ကိုတက်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင်နှစ်ခု ထွက်ရှိထားပါတယ်။သူ ဒီတစ်ခါတက်မယ့်တောင်ကတော့ ဧဝရတ်တောင်ကို မတက်ခင် နောက်ဆုံးတက်ဖို့ကြိုးစားတဲ့အမြင့်ပေ ၂၃၀၀၀ မှာရှိတဲ့ တောင်တစ်လုံးပဲဖြစ်ပါတယ်။အဲဒီတောင်ထိပ်ကို သူ ရောက်သွားမှာလား၊ ဘာအခက်အခဲတွေကြုံရမှာလဲဆိုတာကိုရင်သက်ရှုမောဖြစ်စရာရှုခင်းတွေနဲ့အတူ ဒီမှတ်တမ်းရုပ်ရှင်ထဲမှာ မြင်ကြရမှာပဲဖြစ်ပါတယ်…။