The Cyclops HD

The Cyclops

Horror Science Fiction HD 1957-07-28 4.444 66 Min

ဟိုးအရင် ဟောလိဝုဒ်ရဲ့ Special Effects တွေ CGI‌ တွေ မထွန်းကားသေးတဲ့ခေတ်တစ်ခေတ်မှာSci-fi Horror ကားတစ်ခုကို ရသမြောက်အောင် ဘယ်လိုမျိုးဖန်တီးကြလဲဆိုတာကို ဒီကားလေးမှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်ဇာတ်ညွှန်းဆူဆန် ဝင်တာစ်ဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်ဟာ သူမရဲ့ စေ့စပ်ထားသူဖြစ်တဲ့ ဘရုစ်ကို မက္ကဆီကိုနိုင်ငံရဲ့တာရူမာရဲ တောင်တန်းတွေကြားမှာ လေယာဉ်ပျက်ကျပြီး ပျောက်ဆုံးသွားခဲ့တာ သုံးနှစ်ကြာခဲ့ပါပြီ။သူ့ရဲ့ ဘရုစ်ကို ရှာပုံတော်ဖွင့်မယ့် ဒီခရီးကြီးမှာ လိုက်ပါလာသူတွေကတော့လီ ဘရန်းဆိုတဲ့ အလုပ်လက်မဲ့ အရက်လက်ကမချတဲ့ လေယာဉ်မှူးတစ်ယောက်၊ ရှယ်ယာကစားသူတစ်ယောက်လည်းဖြစ်ပြီးတာရူမာရဲတောင်တန်းတွေမှာ ယူရေနီယမ်လာရှာတဲ့ မာတီဆိုတဲ့ စီးပွားရေးသမား လူလည်တစ်ယောက်၊နောက်ဆုံးအနေနဲ့ကတော့ ဘရုစ်ရဲ့ မိတ်ဆွေလည်းဖြစ် ဆူဆန့်ကိုလည်း ချစ်နေတဲ့ ရက်စ်ဆိုတဲ့ သိပ္ပံပညာရှင်တစ်ဦးတို့ပါ။ဆူဆန်တို့တစ်သိုက်ရဲ့ ရှာပုံတော်ခရီးကြီးမှာ သာမန်မဟုတ်တဲ့ တိရစ္ဆာန်တွေအပြင်မျက်လုံးတစ်လုံးနဲ့ လူ့ဘီလူးကြီးတစ်ယောက်နဲ့ပါ ပက်ပင်းတိုးလာခဲ့တဲ့အခါမှာတော့ဆူဆန်တို့တသိုက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှူပေးကြပါဦးခင်ဗျ။