I Love My Dad FHD

I Love My Dad

Comedy FHD 2022-08-05 7.5 90 Min

James Morosini ရဲ့ တကယ့်ဖြစ်ရပ်မှန် ဘဝ အတွေ့အကြုံပေါ်ကို အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ချက်ခ် ဂရင်းဆိုသူဟာ မိန်းမနဲ့ကွဲပြီး သားနဲ့လည်း ခွဲနေရတယ်။ သားရဲ့ မွေးနေ့တွေကစလို့ ဘွဲ့နှင်းသဘင်တွေအထိ ဆင်ခြေပေါင်းများစွာ ကတိပေါင်းများစွာ ပေးပြီး ဘယ်တော့မှ ရောက်မလာခဲ့တဲ့ ဖခင်တစ်ဦးပေါ့။သားဖြစ်သူ ဖရန့်ကလင်းက စိတ်ရောဂါ အကြံပေးနဲ့ ဆွေးနွေး ကုသမှု ခံယူနေရတဲ့သူပါ။ တစ်နေ့ သူ့အဖေကို စိတ်ပျက်လာပြီး အွန်လိုင်းကနေ ဘလော့ခ် လိုက်တယ်။ ဒီလိုနဲ့ အဖေဖြစ်သူမှာ သူ့သား သူ့ကို အဆက်သွယ်ဖြတ်လို့ စိတ်အရမ်းပူ မတင်မကျဖြစ်ပြီး ဘက်ကာဆိုတဲ့ ကောင်မလေး နာမည်နဲ့ အကောင့်အသစ်ဖွင့်ပြီး သူ့သားဆီ ချဉ်းကပ်ခဲ့တယ်။