Horror ကားကောင်းကြိုက်တဲ့ ပရိသတ်ကြီးအတွက် ထပ်မံ ထွက်ရှိလာတဲ့ ကားကောင်းလေးကတော့ They/Them 2022 ဖြစ်ပါတယ်။ Horror ကားကောင်းလေးတွေဟာ ထွက်ခဲလေ့ရှိပြီး Horror ကားလေးတွေကို တကယ်ကောင်းတယ်၊ မကောင်းဘူး သတ်မှတ်ချက်တွေဟာလည်း တစ်ယောက်နဲ့တစ်ယောက်တူမယ် မထင်ပါဘူး။ Horror ကားတွေ ခဏခဏဘာသာပြန်ဖူးတဲ့ ကျွန်တော့်အနေနဲ့ ကတော့ ကြည့်ရတာ မဆိုးဘူးလို့ သတ်မှတ်မိတဲ့ ကားလေးလည်း ဖြစ်ပါတယ်။