ဗြိတိသျှခေတ် ကိုလိုနီတွေ အိန္ဒိယနိုင်ငံကို သိမ်းပိုက်ထားစဉ်ကာလကို အခြေပြုထားတယ်အဲ့ဒီတုန်းက တောအုပ်ကြီးထဲမှာ မင်းလုပ်ကျက်စားနေကြတဲ့ ဓါးပြအဖွဲ့တစ်ဖွဲ့ရှိတယ်..သူတို့အဖွဲ့ခေါင်းဆောင်ကို ရှမ်ရှေရားလို့ခေါ်တယ်…အဲ့ဒီခေတ်အခါက အထက်အရာရှိတွေကို ကပ်ဖားလျက်ဖားလုပ်နေကြတဲ့ အထက်တန်းလွှာတွေက ဇာတ်နိမ့်တွေကို တအားနှိမ်တဲ့ခေတ်ဆိုပါတော့… ရှမ်ရှေရားတို့အဖွဲ့ဟာ အဲ့ဒီအထက်တန်းလွှာတွေဆီကနေ လုယက်ပြီး မရှိဆင်းရဲသားတွေကို ပြန်လှူတယ်… ဓါးပြတော့ တိုက်တယ် ဒါပေမဲ့ ဓမ္မတော့ရှိတယ်လို့ ပြောရမှာပေါ့…