Scooby-Doo! and the Loch Ness Monster FHD

Scooby-Doo! and the Loch Ness Monster

မွန်းစတားရှာပုံတော်စပါပြီ။ဘလိတ်မျိုးနွယ်ရဲ့ရဲတိုက်ကြီးမှာ လုပ်မယ့် အားကစားပွဲကိုဘလိတ်မျိုးနွယ်၀င်ရှန်နွန်က ဦးဆောင်လုပ်မှာဖြစ်ပြီးတော့ ရှန်နွန်ရဲ့၀မ်းကွဲညီအစ်မနဲ့သူငယ်ချင်းတွေကလည်း ပွဲကို လာရောက်ခဲ့ကြပါတယ်။ဒါပေမဲ့ မွန်းစတားကြီးရှိတယ်လို့ယူဆချက်တွေနဲ့အတူ မတော်တဆမှုတွေကိုလည်း ကြုံလာခဲ့တဲ့အခါမှာတော့ရှန်နွန်နဲ့အဖွဲ့က အားကစားပွဲကိုမစတင်ခင်မှာ မွန်းစတားကြီးရဲ့တည်ရှိမှုကို စုံစမ်းအတည်ပြုဖို့ဖြစ်လာပါတော့တယ်။မွန်းစတားကြီးက အမှန်တကယ်တည်ရှိနေတာလားဒီလျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်က ဘယ်လိုမျိုးလဲဆိုတာကို သိရဖို့ ဇာတ်လိုက်ကျော်ကြီး စကူးဘီနဲ့အတူရှန်နွန်တို့သူငယ်ချင်းတစ်သိုက်ရဲ့ မွန်းစတားရှာပုံတော်ကြီးကို လိုက်လံကြည့်ရှူလိုက်ပါဦး။