Missing in Action HD

Missing in Action

Action Thriller Adventure War HD 1984-11-16 5.8 101 Min

Mission In Action (1984) ကတော့ နာမည်ကျော် မင်းသား Chuck Norris ရဲ့ အက်ရှင်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။Chuck Norris ဆိုတာကတော့ကိုယ်မွေးမယ့်ဆေးရုံကို ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့လူ”“မြွေကိုက်ရင်တောင် ၂ ရက်နေရင် မြွေ အနိစ္စရောက်သွားလောက်အောင်ကိုယ်ခံအားကောင်းတဲ့လူ”Stars War မှာလည်း Chuck Norris ပါပါတယ်။“May the Force Be With You” မှာ Force ဆိုတာ Chuck Norris ကိုပြောတာဖြစ်ပါတယ်။အဲဒီလိုမျိုး သုတ်မယ်၊ ပြုတ်မယ်၊ အရည်သောက်မယ်၊ အဖတ်စားမယ် မင်းသားသရုပ်ဆောင်ထားတာဖြစ်လို့ မကြမ်းမှာတော့မပူပါနဲ့။ဇာတ်ညွှန်းကာနယ် ဘရက်ဒေါ့ခ်ဟာ ဗီယက်နမ်စစ်ပွဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ စစ်ပြန်ကြီးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့် သူဟာ ဗီယက်နမ်မှာ ၇ နှစ်ကြာ အဖမ်းခံခဲ့ရပြီးမှပြန်လွတ်လာတာဖြစ်ပါတယ်။ဒါပေမယ့် ပြန်လွတ်လာသေးတဲ့ စစ်သုံ့ပန်းတွေအများကြီးရှိသေးကြောင်း သူထွက်ဆိုခဲ့ပေမယ့် တရားဝင်ဖြောင့်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ဒါပေမယ့် တစ်ရက်မှာတော့ စိတ်ပြောင်းသွားပြီး အထက်လွှတ်တော်အမတ်နဲ့ဗီယက်နမ်ကိုလိုက်သွားပြီး ဒီကိစ္စကိုအပြီးသက်ဖြေရှင်းဖို့လုပ်ခဲ့ပါတယ်။သို့သော်ငြား ဗီယက်နမ်ဖက်ကတော့ အဲလိုမျိုး ဖမ်းထားခြင်းမရှိဘူးဆိုပြီး ငြင်းခဲ့ပါတယ်။ဒီလိုနဲ့ဘရက်ဒေါ့ခ်ဟာ တစ်ကိုယ်တော် အမေရိကန်သုံ့ပန်းတွေကို ကယ်တင်ဖို့လုပ်ပါတော့တယ်။ဆက်လက်ခံစားကြည့်လိုက်ကြပါ။