ဒီကားလေးကတော့ သည်းထိပ်ရင်ဖိုကားလေးပေါ့နော်… ဟိုက်ဒရာဘတ်မြို့ကြီးထဲမှာ မိန်းမပျိုလေးတွေ အသတ်ခံနေရပါတယ် လူသတ်သမားဟာ ခြေရာလက်ရာမချန်ထားခဲ့လို့ ရဲတွေကလည်း ဖမ်းမိဖို့ အခက်တွေ့နေပြန်တယ်… လူသတ်သမားဟာလည်း လူသတ်ပြီးရင် ကိုယ်ပျောက်လိုပဲ ပျောက်ပျောက်သွားလို့ ဘယ်လိုမှကို ခြေရာခံမရဘူး.. ကဲ ရုပ်ရှင်ကြည့်ရင်း ကိုယ်တိုင်ဆားပုလင်းနှင်းမောင်လုပ်ကြည့်ကြပါ… ဒီဇာတ်ကားမှာ မထင်မှတ်တဲ့ ပေါင်းဆုံမှုလေးတွေရယ်… ကံတရားရဲ့လှည့်စားမှုတွေရယ်… ရိုးသားအပြစ်ကင်းမှုရဲ့ရလဒ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ် ဆိုတော့ ခံစားကြည့်ရှုပေးကြပါလို့ ညွှန်းဆိုပေးလိုက်ပါတယ်…