Sahebs Who Never Left 2024 “အိန္ဒိယ သမိုင်းရဲ့အမှောင်ခြမ်းက ကြိုးကိုင်သူများ”နိုင်ငံသားတစ်ယောက်ပီသဖို့ဆိုရင် သမိုင်းကြောင်းကိုတော့ သိဖို့လိုတယ်တဲ့။ါပေမဲ့ ဒီသမိုင်းကြောင်းကို ရေးသားခဲ့တဲ့သူတွေကရောတကယ်ပဲ နောင်လာနောက်သားတွေအတွက်စစ်မှန်တဲ့သမိုင်းဖြစ်ရပ်တွေကို ချပြခဲ့တာလား။ဒါမှမဟုတ် သူတို့မြင်စေချင်တဲ့သမိုင်းစာမျက်နှာကို တစ်စိတ်တစ်ပိုင်းကွက်ချန်ပြီး ချပြခဲ့သလားဆိုတာကတော့….ဒီဇာတ်လမ်းလေးက ကိုလိုနီခေတ်အိန္ဒိယသမိုင်းကြောင်းနဲ့ ဒီခေတ်ကာလအတွင်းအတွေးအမြင်ပြောင်းလဲမှုတွေ၊ ကျင့်သုံးတဲ့အယူဝါဒတွေနဲ့အတူ လူထုကိုတစ်နည်းတစ်ဖုံ ချုပ်ကိုင်ခြယ်လှယ်ခဲ့ကြတဲ့ Sahebsတွေ တစ်နည်းအားဖြင့်ဗြိတိသျှတွေအုပ်ချုပ်သူတွေရဲ့ လှည့်ကွက်တွေ၊ ဒီဗြိတိသျှတွေရဲ့ မဟာဗျူဟာကြီးအထမြောက်အောင် ပူးပေါင်းခဲ့ကြသူတွေအကြောင်း၊ ကိုလိုနီခေတ်ကြီးအပြီးလွတ်လပ်ရေးရပြီးချိန်မှာ ဒီဗြိတိသျှတွေအုပ်ချုပ်မှုအောက်ကလွတ်ပြီလို့ထင်မြင်နေကြပေမဲ့ လူဖြူရဲ့လောင်းရိပ်အောက်မှာ အတော်ရှည်ကြာခဲ့တဲ့အိန္ဒိယအုပ်ချုပ်ရေးပိုင်းရဲ့ အရှုပ်အရှင်းတွေကိုသမိုင်းကြောင်းစိတ်ဝင်စားသူတွေအတွက်ရောသာမန်ရုပ်ရှင်အနေနဲ့ ခံစားလိုသူတွေအတွက်ပါCinematic informativeဖြစ်အောင်ရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာ Documentary ဇာတ်လမ်းလေးဖြစ်တာမလို့ပရိသတ်ကြီးလည်း ခံစားလို့ရအောင် လက်ရှိထွက်ရှိထားတဲ့art 1နဲ့ Part 2ကို တစုတစည်းတည်း ဘာသာပြန် တင်ဆက်ပေးလိုက်ရပါတယ်။