Warrior Awang and Master Tok Gajah HD

Warrior Awang and Master Tok Gajah

ကမ္ဘာ့သမိုင်းရဲ့စိတ်ဝင်စားစရာအကောင်းဆုံး သမိုင်းကြောင်းတွေထဲမှာမလေးရှားသမိုင်းလည်းအပါအဝင်ဖြစ်ပါတယ်။မလေးရှားသမိုင်းနဲ့ပတ်သတ်တဲ့ ဖြစ်ရပ်မှန်တွေကိုပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားတွေအများကြီးထွက်ရှိခဲ့သလို အခုလည်းနောက်တစ်ကားထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Pendekar Awang :Darah Indera Gajah ဖြစ်ပြီး မလေးရှားနိုင်ငံရဲ့အရင်ခေတ်ကနာမည်ကြီးစစ်သည်တော်အာဝန်အကြောင်းကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။၁၈ ရာစုမှာ ဗြိတိသျှတွေက မလေးရှားနိုင်ငံကိုကျုးကျော်ခဲ့ကြပြီးကြိုက်သလိုခြယ်လှယ်ကြီးစိုးနေတဲ့အချိန်လည်းဖြစ်ပါတယ်။အထူးသဖြင့် ဗြိတိသျှနဲ့ဒက်ချ်တို့ငြိမ်းချမ်းရေးသဘောတူစာချုပ်ချုပ်ပြီးကတည်းက ရန်သူနှစ်ပါးရဲ့ဖိနှိပ်ညှင်းပန်းမှုတွေကိုမလေးရှားပြည်သူပြည်သားတွေအတုံးအရုန်းခံစားနေရတဲ့အချိန်ဖြစ်ပါတယ်။ဒီလိုအချိန်ကာလမှာ ပြန်လည်တိုက်ခိုက်ဖို့နိုးထလာတဲ့သူတွေလည်းရှိခဲ့ပါတယ်။အဲ့ဒီထဲမှာတော့ရာဂျာဆိုတဲ့ဆွေကြီးမျိုးကြီးဦးဆောင်တဲ့တော်လှန်ရေးအဖွဲ့ကတော့ ဗြိတိသျှတွေအတွက်အကြီးမားဆုံးအန္တရာယ်ပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်ဗြိတိသျှကိုလိုနီနယ်ချဲ့တွေက တော့ရာဂျာကိုလိုက်လံဖမ်းဆီးဖို့ အပူတပြင်းကြိုးစားခဲ့ကြတဲ့အတွက်‌ တော့ရာဂျာဘေးကင်းရာကိုပြောင်းရွှေ့ဖို့အတွက်ကြိုးစားကြရင်းတွေ့ကြုံရတဲ့အခက်အခဲတွေနဲ့ တော်လှန်ရေးတိုက်ပွဲတွေကိုကြည့်ရှုရမဲ့ မလေးရှားသမိုင်းဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။