၈လအတွင်းမှာ လက်ထပ်ရတော့မယ့် ဗနီလာဆိုတဲ့ နယ်မြို့က မိန်းကလေးတစ်ယောက်- သူ့ရဲ့အိမ်မက်ကတော့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်လာဖို့ပါ သူမရဲ့သတို့သားလောင်း ဟာရစ်ရှ် ရဲ့မျက်လုံးထဲမှာတော့ ဗနီလာရဲ့အိမ်မက်ဟာ သုံးစားမရတဲ့ အပိုအလုပ်တစ်ခုပါ ဒါ့အပြင် ဗနီလာရဲ့ယောက္ခမလောင်းကြီးကလည်း အရမ်းပညာပြပြီး ချုပ်ချယ်တတ်တဲ့သူပါ စီတူဆိုတဲ့ ကောင်လေးကတော့ လွတ်လပ်ပြီးပွင့်လင်းတဲ့ မိသားစုက သူဌေးသားလေးတစ်ယောက်ပေါ့ သူ့အိမ်မက်ကတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ပါ ဒါပေမဲ့ သူ့ရဲ့ပထမဆုံးအလုပ်က ဖြုတ်ချခံလိုက်ရတာကြောင့် စိတ်လွတ်ကိုယ်လွတ်ပျော်မယ်ဆိုပြီး ဟိုင်ဒရာဘတ်မြို့ကိုအလည်ထွက်လာရင်း ဗနီလာနဲ့ဆုံခဲ့တာပေါ့