The Kill Team HD

The Kill Team

Action Drama War HD 2019-10-17 6.447 87 Min

ဒီဇာတ်လမ်းထဲမှာ ဘရစ်မန်းဆိုတဲ့ မရိန်းတပ်သားတစ်ဦးဟာ ငယ်ငယ်လေးကတည်းကစစ်သားကောင်းတစ်ယောက်ဖြစ်ချင်နေတဲ့သူပီပီ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ခွင့်ရဖို့က သူ့အိပ်မက်ပဲ..ကံကောင်းထောက်မစွာ မရိန်းတပ်သားဖြစ်လာပေမဲ့ အာဖဂန်စစ်မြေပြင်ကို ပို့ခြင်းခံရတယ်…အာဖဂန်စစ်မြေပြင်ဟာ အချိန်မရွေးရန်သူတွေနဲ့ထိတွေ့နိုင်သလို အရပ်သားလားလက်နက်ကိုင်သူပုန်လားဆိုတာဝေခွဲရခက်ခဲလွန်းတဲ့ နေရာပါပဲ..ဆုံးဖြတ်ချက်လေးတစ်ချက်မှားတာနဲ့ ဘဝထဲက ပေးဆပ်ရနိုင်သလိုအသက်လည်းအချိန်မရွေးပျောက်သွားနိုင်ပါတယ်… ဒီနေရာကိုသူရောက်ခဲ့ပေမဲ့ သူစိတ်မပျက်ခဲ့ဘူး….ရောက်တဲ့အချိန် ကင်းထောက်တွေ မကြာခဏ ထွက်ရသလိုအခက်အခဲမျိုးစုံလည်းတွေ့ခဲ့ရတယ်…ဒီနေရာမှာ သူမမျှော်လင့်ထားတဲ့ ဥပဒေပြင်ပ ကိစ္စမျိုးတွေကို သူ့ရဲ့ဘော်ရဲဘက်တွေကလုပ်ဆောင်တာကို သူတွေ့လိုက်ရတဲ့အခါမှာတော့…ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်ပါဦး…ဒီကားက ဝုန်းဒိုင်းကြဲပစ်ခတ်သတ်ဖြတ်နေတဲ့စစ်ကားမဟုတ်ပေမယ့် တော်တော်စိတ်ဝင်စားဖို့ကောင်းသလို စစ်သည်တစ်ယောက်ရဲ့ ခံစားချက်တွေဘေးကျပ်နံကျပ်ဖြစ်နေတဲ့ကိစ္စတွေကို တွေ့ရတာမို့တော်တော်ကို ကြည့်လို့ကောင်းပါတယ်…ခံစားကြည့်ကြပါဦး…