Never Let Me Go HD

Never Let Me Go

Drama Science Fiction Romance HD 2010-03-18 6.845 104 Min

Kathy, Tommy, Ruth ဆိုတဲ့သူငယ်ချင်း ၃ယောက်ဟာ ကျေးလက်တောရွာလေးတစ်ခုကမိဘမဲ့ကျောင်းမှာ အတူတူကြီးပြင်းလာခဲ့ကြတဲ့ ကလေးလေးတွေပေါ့။ထူးခြားတာတစ်ခုက အဲ့ဒီကျောင်းလေးက သာမန်ကျောင်းလို့ထင်ရပေမယ့်ကျောင်းရဲ့ ရည်ရွယ်ချက်အမှန်က  ကလေးတွေအတွက် အရမ်းကိုခါးသီးလွန်းတဲ့အပြင်ကလေးတွေမှာ ရွေးချယ်ခွင့်မရှိဘဲ အဲ့ဒီခါးသီးတဲ့လမ်းကိုပဲ တစ်သက်လုံးလျှောက်လှမ်းကြရမှာပါ။သူငယ်ချင်း ၃ယောက်ရဲ့ သံယောဇဉ်၊ အချစ်စိတ်တွေ သဝန်တိုမှုတွေ ကြားဝင်ဖြတ်စီးခံရမှုတွေနဲ့သူတို့ရဲ့ ကံကြမ္မာဘဝလမ်းခရီးကဘယ်လိုဖြစ်မလဲ…..မိဘမဲ့ကျောင်းရဲ့ ရည်ရွယ်ချက်အမှန်ကဘာဖြစ်မလဲ….…ဒါရိုက်တာက လူတစ်ယောက်ရဲ့တန်ဘိုး…စတေးခံတွေရဲ့ဘဝ…ဘယ်သူတွေက ချမ်းသာတဲ့သူလဲ..လူသာချင်းစာနာထောက်ထားမှုဆိုတာ ဘာလဲ…ဘယ်သူတွေက စာနာတတ်တဲ့လူလဲ…စတာတွေကို ပြချင်တာပါ… ဒီကားထဲက သရုပ်ဆောင် (၃)ယောက်ဖြစ်တဲ့Carey Mulligan, Kiera Knightley မင်းသား Andrew Garfield တို့ကိုအားလုံးလည်းရင်းနှီးပြီးသားပါ…စပိုက်ဒါမင်းသား အဖြစ်လူသိများတဲ့ Andrew Garfieldဟာအကောင်းဆုံးဇာတ်ပို့ဆုရသွားပါတယ် ..အကောင်းဆုံးရုပ်ရှင်ဆု အကောင်းဆုံးဇာတ်ညွှန်းဆု အကောင်းဆုံး ဇာတ်ပို့ဆုတွေ ဇကာတင်စာရင်းဝင်ခဲ့ပါတယ်.ဖျော်ဖြေရေးဆန်တဲ့ကားမဟုတ်ဘူးလို့ တစ်ချို့သူတွေကဆိုလိမ့်မယ်…သို့ပေမယ့် ကားကောင်းလေးတစ်ခုပါလို့ recommend လုပ်ပါရစေ..