ဇာတ်လမ်းအကျဉ်းကတော့ တက္ကသိုလ်တစ်ခုလုံးရဲ့ ကျောင်းသားခေါင်းဆောင် ဂိုပီဟာရည်မှန်းချက်တွေအပြည့်နဲ့ ဝန်ကြီးချုပ်တစ်ဦးဖြစ်ဖို့ကြိုးစားနေပါတယ်။သူတို့ကျောင်းမှာ ကျောင်းသားခေါင်းဆောင်ရွေးချယ်ပွဲရောက်တာနဲ့ ကျောင်းသားတွေတစ်ဖွဲ့နဲ့တစ်ဖွဲ့ရန်ဖြစ်ရိုက်နှက်ကြတဲ့ ထုံးစံကြီးရှိနေပါတယ်။ ဂိုပီကတော့ ကျောင်းသားအားလုံးကိုစည်းလုံးစေချင်ပြီး ပန်ဂျပ်လူငယ်တိုင်းကို လမ်းမှန်ရောက်ဖို့ လမ်းညွှန်ပေးချင်တာကြောင့်သာရွေးကောက်ပွဲဝင်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒီတော့ ကျောင်းသားခေါင်းဆောင်ဂိုပီတစ်ယောက် ရည်ရွယ်ထားတဲ့အတိုင်း ရွေးကောက်ပွဲအောင်နိုင်မလား..ဒီခရီးလမ်းမှာ ဘယ်လိုအနှောင့်အယှက်တွေနဲ့ကြုံရဦးမလဲဆိုတာကိုတော့ အဆုံးထိဆက်လက်ကြည့်ရှုပေးပါဦးဗျာ။