တရုတ်ကားအတော်များများမှာပါတဲ့ ဝမ်ချွမ် ( ခံစားချက်မဲ့မြစ်) ကို တစ်မူထူးခြားတင်ဆက်ထားတဲ့ကားပေါ့… ဒီကားလေးထဲမှာ လူ့ပြည်ရဲ့ အပြစ်တွေကို စီရင်ဖို့အတွက် ဝမ်ချွမ်ဆီ ရောက်လာကြရတယ်… နောက်တော့ မုန့်ဖော်( မုန့်အဖွား) ရဲ့ အဆုံးအဖြတ်အရ အပြစ်ပေးခံရတယ်… တရားမျှတစွာ စီရင်ပေးနိုင်ဖို့ ဥပဒေထက်မှာ ခံစားချက်ကိုမေ့ထားရသလို သွေးအေးရတယ်… ဒါပေမယ့် မန်ရှူးဟာ ဝမ်ချွမ်ရဲ့ ထိန်းသိမ်းသူဆိုပေမယ့် အမှတ်မထင်ကိစ္စတစ်ခုနဲ့ ရှားဟွား ဆိုတဲ့ ပန်းနတ်သားငယ်လေးတစ်ယောက်နဲ့ ဆုံခဲ့ပြီး ဘဝမှာ တစ်ခါမှမခံစားဖူးတဲ့ အနွေးဓာတ်ကို ခံစားမိခဲ့တယ်…