တရုတ်သိုင်းရုပ်ရှင်ကို သဘောကျသူတွေကြားမှာမသိသူမရှိလောက်တဲ့ Ip Manရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ သိုင်းကားတစ်ကားပါ။Ip Man ကားတွဲတွေနဲ့တော့ တစ်စက်ကလေးမှမဆင်တဲ့အပြင် ဝေါင်ကာဝေးရဲ့ ရုပ်ရှင်ပီပီသသပါပဲမ်းခမ်းနားနား Dialougeတွေကို သေသေသပ်သပ်ထည့်သွင်းထားပါတယ်။ Ip Manကို ဗဟိုပြုပြီးသူ့ခေတ်ပြိုင် သိုင်းဆရာတွေကိုပါ လှလှပပစက်ဝိုင်းလေးဝိုင်းပြီး ဘောင်မလွတ်ပဲ ပြထားပါတယ်။ဘဝမှာသာ ရာသီအပိုင်းအခြားတွေရှိခဲ့ရင်သူ့ဘဝရဲ့ ပထမနှစ်လေးဆယ်က နွေဦးလို သာယာခဲ့တယ်ဆိုတဲ့ Ip Manရဲ့ဘဝ နှစ်လေးဆယ်နောက်ပိုင်းဆောင်းရာသီနေ့ရက်တွေအကြောင်းကိုတင်ဆက်ပြသထားပါတယ်။သိုင်းပညာပြခန်းတွေသိပ်မများလှပေမယ့်ပါသမျှလောက်ကလည်း စက္ကန့်စိတ်စာမျှ ပယ်စရာမရှိတဲ့တကယ့်အနှစ်တွေပါပဲ။ ဒီလိုပယ်စရာမရှိရအောင်လည်းဒီရုပ်ရှင်ရဲ့ မင်းသား တိုနီချူဝေဟာ တစ်နေ့လေးနာရီနှုန်းနဲ့တစ်နှစ်တိတိကျင့်ခဲ့ရပါတယ်။တရုတ်ပြည်ကနေ ခုန်ပျံကျော်လွှားပြီး အမေရိကန်jမှာအော်စကာနှစ်ဆု Nomineeဝင်ထားတဲ့ဒီရုပ်ရှင်မှာ Ip Manရဲ့ ဝင်းချွန်းသိုင်းကွက်တွေထိုက်ကျိသိုင်းရဲ့ ဒဿ နတွေ ဝေဝေဆာဆာနဲ့သိုင်းအနုပညာကို ထဲထဲဝင်ဝင် ခံစားကြရမှာပါ